ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်က ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၈ ရက်၊ ညနေ ၆ နာရီ ၄၀ လောက်က ကရင်ပြည်နယ်ကလာတဲ့ တက္ကစီတစီးပေါ်ပါ အမျိုးသား ၅ ယောက်ကို ဖုန်းနဲ့ မှတ်ပုံတင်တွေတောင်းကြည့်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
အဆိုပါဂိတ်နဲ့ နီးစပ်သူတဦးက “ဒီမှာ ပုံမှန်အတိုင်းစစ်တယ်၊ Express တွေဆို အရင်က မှတ်ပုံတင်ကြည့်ပြီး လွှတ်ပေးတာ။ နိုဝင်ဘာ ၂၆ ကတည်းက ကားပေါ်ကလူတွေ အကုန်ဆင်းခိုင်းပြီး ဖုန်းတွေပါ စစ်တာ။
အဲဒီတက္ကစီက ကောင်လေးတွေရဲ့ ဖုန်းနှစ်လုံးမှာ သေနတ်ပုံနဲ့ NUG ပုံတွေ တွေ့လို့ ခေါ်ထားတဲ့သဘောပါ။ ယာဉ်မောင်းအပါ ၆ ယောက်၊ ယာဉ်မောင်းကို မနက်ကတည်းက ပြန်လွှတ်လိုက်ပြီ၊ အသေးစိတ်တော့ မသိသေးဘူး”လို့ ပြောပါတယ်။