အစိုးရက ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေ (၃၀၀၀၀) နှုန်းမှာ မသန်စွမ်းသူများထံသို့ (၂၅၀၀၀) နှုန်းသာ ရရှိ

2019-10-09 15:14:41


အစိုးရက ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေ (၃၀၀၀၀) နှုန်းမှာ မသန်စွမ်းသူများထံသို့ (၂၅၀၀၀) နှုန်းသာ ရရှိ

အစိုးရက ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေ (၃၀၀၀၀) နှုန်းမှာ မသန်စွမ်းသူများထံသို့ (၂၅၀၀၀) နှုန်းသာ ရရှိ


မသန်စွမ်းသူများကို အစိုးရက ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေ (၃၀၀၀၀) နှုန်းမှာ မသန်စွမ်းသူများထံသို့ (၂၅၀၀၀) နှုန်းသာ ရရှိ


ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့ နယ်အတွင်းက မသန်စွမ်းများ၏ ထောက်ပံ့ကြေးများ အပြည့်အဝမရပဲ ကျေးရွာအုပ်ချုပ်ရေးမှူးများကဖြတ်ယူနေကြောင်း ထောက်ပံ့ကြေးမရသည့် မသန်စွမ်း အုပ်ထိန်းသူများထံမှ သိရသည်။


`ကျွန်တော်တို့က သိပါတယ် ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်ရတယ်ဆိုတာကို ဒါပေမယ့် ဘယ်လိုပေးမလည်း ဆိုတာမသိတာပါ ဒါနဲ့ အခုလ ၉ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးက အိမ်ကိုရောက်လာပြီး မသန်စွမ်းတွေအတွက် ထောက်ပံကြေး ရရှိတယ် ၃၀၀၀၀ ကျပ်ရတယ် ဒါပေမယ့် မင်း ၃၀၀၀၀ ကျပ်ထဲကနေ တစ်ခြားတစ်ဦးကို ပြန်ပေးဖို့အတွက် ၂၅၀၀၀ ပဲရမယ် ၅၀၀၀ ပြန်ပေးဆိုပြီး ပြန်တောင်းသွားပါတယ် စိတ်ထဲတော့ မကောင်းပါဘူး ဒါပေမယ့် ပြန်ပေးလိုက် ပါတယ်´ဟု ရေကြည်မြို့နယ် ကိုင်းချောင်း ကျေးရွာမှ မွေးရာပါ ကိုယ်င်္ဂါမသန်စွမ်းသူ မမြတ်မြတ်ထွေး၏ ဖခင် ဦးမြင့်အောင်က ပြောသည်။


ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ နယ် ကိုင်းချောင်းကျေးရွာအုပ်စုရှိ မွေရာ ပါမသန်စွမ်းများဖြစ်သည့် တင်မင်းထွန်း၊ ငြိမ်းချမ်း၊မမြတ်မြတ်ထွေးတို့ထံမှ ၎င်းတို့ ရရှိသည့် ၃၀၀၀၀ ကျပ်ထဲမှ ၅၀၀၀ ကျပ် ခန့်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး က အခြားသုံးစရာရှိခြင်း အခြားသူများ ကိုပြန်ထောက်ပံ့ဖို့ရှိခြင်း၊မြို့နယ်မှ AD အမေဆုံးသဖြင့်ပံ့ပိုးပေးရမည်ဟုပြောဆို ကာ ပြန်တောင်းသွားခြင်းဖြစ်ကြောင်း သိရသည်။


`မသန်စွမ်းသူတွေကို နိုင်ငံတော်အစိုးရ ကနေထောက်ပံ့ပေးတာဟုတ်ပါတယ် အားလုံးကိုလည်း လိုက်လံပေးပြီးပါပြီ။ တစ်ရက်တည်း မကုန်ပေးလိုက်တာပါ ၃၀၀၀၀ ကျပ်အကုန်ပေးလိုက်တာပါ အဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာမရှိပါဘူး´ ဟု ကိုင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးကပြောသည်။


ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ နယ်အတွင်း ကျေးရွာအုပ်စု ၁၀၃ စု ကျေးရွာပေါင်း ၅၇၅ ရွာမှ မွေးရာပါ မသန်စွမ်းသူ ၁၀၂၄ ဦးကို နိုင်ငံတော် အစိုးရမှတစ်ဦးလျင် ၃၀၀၀၀ ကျပ်နှုန်း ဖြင့် ကျေးရွာအုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ထောက်ပံ့ပေးနေခြင်းဖြစ် ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ထုတ်ပြန်ချက် အရသိရသည်။


သတင်း တာဝန်ခံ- ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)