ဘိုကလေးမြို့နယ်၊ချောင်းဗြဲကြီးကျေးရွာ မှ ဦးနေလင်းဦး မိကျောင်းအဆွဲခံရ

2019-10-09 14:30:56


ဘိုကလေးမြို့နယ်၊ချောင်းဗြဲကြီးကျေးရွာ မှ ဦးနေလင်းဦး မိကျောင်းအဆွဲခံရ

ဘိုကလေးမြို့နယ်၊ချောင်းဗြဲကြီးကျေးရွာ မှ ဦးနေလင်းဦး မိကျောင်းအဆွဲခံရ


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်၊ချောင်းဗြဲကြီးကျေးရွာ မှ ဦးနေလင်းဦးသည် ကမ်းစပ်မှ လှေကို ရေပက်ထုတ်နေရင်း မိကျောင်းအဆွဲခံ ခဲ့ရကြောင်းသိရသည်။


”သူအိမ်မှာရှိတဲ့နေတဲ့ အိမ်သုံးလှေကို လှေရေပက်ထုတ်နေတုန်း မိကျောင်းက ရောက်လာပြီး ဘယ်ဘက်ပေါင်ကို လှမ်းဆွဲတော့ ရုန်းပြီးတော့ ကမ်းပေါ်ကို တက်အပြေးမှာမိကျောင်းက ဘယ်ဘက်ခါးကို ထပ်ကိုက်ပါတယ် ဒါနဲ့ အတင်းရုန်းပြီးတက်ပြေးလို့ အသက်အန္တရာယ်တော့ကင်းခဲ့ပေမယ့် လူကတော့ ဆေးရုံတင်ထားရပါတယ် ကဒုံကနိတိုက်နယ်ဆေးရုံမှာပါ” လှေလုံးကွဲကျေးရွာမှ ရာအိမ်မှူး ဦးထွန်းရွှေက ပြောသည်။


ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် အောက်တိုဘာ(၈)ရက်ညပိုင်းက ဦးနေလင်းဦးသည် ကမ်းစပ်ရှိ ၎င်း၏လှေအား ရေပက်ထုတ်နေစဉ် မိကျောင်းမှ ရောက်ရှိလာပြီး ဘယ်ဘက်ပေါင်ကိုဝင်ဆွဲသဖြင့် ကမ်းပေါ်သို့တက်ပြေးစဉ် ဘယ်ဘက်ခါးကို ထပ်မံလိုက်ဆွဲသည့် အတွက် ရုန်းကန်တက်ပြေးရင်း ပတ်ဝန်းကျင်မှ အော်သံကြားသဖြင့် ဝိုင်းဝန်းခြောက်လန့်လိုက်သည့်အတွက် မိကျောင်းမှ ရေထဲပြန်ဆင်းပြေးသွားကာ ဦးနေလင်းဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့် ကဒုံကနိတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။


ဘိုကလေးမြို့နယ်အတွင်း ကျေးရွာများ သည် မိကျောင်းများပေါများသည် မိန်းမ လှကျွန်းဘေးမဲ့တောနှင့် ဆက်စပ်နေ သည့်အတွက် မိကျောင်းအန္တရာယ်သတိ ပြုရန်လိုအပ်ကြောင်း မိန်းမလှကျွန်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူးမှ ထုတ်ပြန် ထားကြောင်းသိရသည်။


ဘိုကလေးမြို့နယ်အတွင်း လှေလုံးကွဲကျေးရွာ၊ဆတ်ကျွန်းကျေးရွာ ၂ ရွာတွင် ၂၀၁၈ခုနှစ်က အမျိုးသား ၂ ဦးကိုမိကျောင်းအဆွဲခံခဲ့ရကာ အသတ်တော့မသေခဲ့ပဲ ခြေ/လက်များ ဆုံးရှုံးခဲ့ရကြောင်းသိရသည်။


သတင်း တာဝန်ခံ – အောင်ကျော်ကျော် #AlinnMyay(အလင်းမြေ)