အထုပ်ကြီးတစ်ခုကို အချောင်ရပြီဆိုပြီး ခိုးပြေးတဲ့သူခိုး၊ မြွေတွေထည့်ထားတဲ့ အထုပ်ဖြစ်နေ

2019-10-09 14:16:02


အထုပ်ကြီးတစ်ခုကို အချောင်ရပြီဆိုပြီး ခိုးပြေးတဲ့သူခိုး၊ မြွေတွေထည့်ထားတဲ့ အထုပ်ဖြစ်နေ

အထုပ်ကြီးတစ်ခုကို အချောင်ရပြီဆိုပြီး ခိုးပြေးတဲ့သူခိုး၊ မြွေတွေထည့်ထားတဲ့ အထုပ်ဖြစ်နေ


သူခိုးတစ်ယောက်ဟာ အထုပ်တစ်ခုကို လူအလစ်မှာ အချောင်သဘောနဲ့ ခိုးယူခဲ့ရာ၊ ဘာအထုပ်ရယ်လို့ သိပုံမရပါဘူး။ ဒီအကြောင်းကို Metro သတင်းက ဖော်ပြထားတာပါ။ အဲဒီသူခိုးဟာ မြွေမွေးမြူရေးသမားရဲ့ အိတ်ကိုမှ ခိုးမိရက်သား ဖြစ်ခဲ့ပါတယ်။


အထုပ်ခိုးယူခံရသူကတော့ Brian Grundy လို့ သိရပြီး၊ သူဟာ အထုပ်ကို ကားထဲမှာ ထားခဲ့တာပါ။ သူခိုးကလည်း လူလစ်ချိန်မှာ အဲဒီအထုပ်ကြီးကို ဝင်မပြီး ပြေးခဲ့ပါတယ်။ အဲဒီအထုပ်ထဲမှာ စပါးအုံးမြွေဖြူ (၄)ကောင်နဲ့၊ (၂၈)လက်မအရွယ် ဧရာမ ဖွတ်ကြီး ထည့်ထားတာပါ။