အသည်းကွဲစိတ်၊မခံချင်စိတ်ကြောင့်ဖြစ်ခဲ့ရတဲ့ ငါးလောင်းပြိုင်လူသတ်မှုရဲ့အဖြစ်မှန်

2019-10-09 12:07:53


အသည်းကွဲစိတ်၊မခံချင်စိတ်ကြောင့်ဖြစ်ခဲ့ရတဲ့ ငါးလောင်းပြိုင်လူသတ်မှုရဲ့အဖြစ်မှန်

အသည်းကွဲစိတ်၊မခံချင်စိတ်ကြောင့်ဖြစ်ခဲ့ရတဲ့ ငါးလောင်းပြိုင်လူသတ်မှုရဲ့အဖြစ်မှန်


အသက်(၂၅)နှစ်အရွယ် သေနတ်သမားတစ်ယောက်ဟာ ချစ်သူအသစ်ရသွားတဲ့ ရည်းစားဟောင်းကို မနာလိုဖြစ်တာကြောင့်၊ သူမအပါအဝင်၊ သူမရဲ့ ရည်းစားအသစ်နဲ့ တစ်မိသားစုလုံးကို ပစ်သတ်ခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြထားပါတယ်။


ဒီအဖြစ်အပျက်ဟာ သြစတီးယားနိုင်ငံ၊ Kitzbuhel မြို့က Ski Resort တစ်ခုမှာ ဖြစ်ခဲ့တာပါ။ ပြစ်မှုကျူးလွန်သူဟာ ရည်းစားဟောင်း နောက်ကို နောက်ယောင်ခံလိုက်ပြီး၊ ညဘက် အားလုံးအိပ်မောကျနေချိန်မှာ တစ်ယောက်ချင်းဆီကို သေနတ်နဲ့ ဝင်ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။


အခင်းဖြစ်ချိန်ကတော့ တနင်္ဂနွေ မနက်(၄)နာရီဝန်းကျင်လောက်မှာလို့ သိရပါတယ်။ သူဟာ အားလုံးကို သတ်ပစ်ပြီးနောက်၊ သူ့ဘာသာသူ ရဲစခန်းကို သွားရောက်အဖမ်းခံခဲ့ပါတယ်။ လူသတ်မှုကြောင့် (၅)ဦး သေဆုံးခဲ့ရပြီး၊ ရည်းစားဟောင်း၊ သူမရဲ့ ရည်းစားအသစ်၊ သူမရဲ့ မိသားစုဝင် (၃)ဦးတို့ ဖြစ်ပါတယ်။


လူသတ်သမားဟာ ကောင်မလေးနဲ့ ပြီးခဲ့တဲ့(၂)လလောက်က သဘောထားချင်းမတိုက်ဆိုုင်လို့ လမ်းအခွဲခံလိုက်ရတာပါ။ ဒီလူသတ်မှုမတိုင်ခင်၊ စနေနေ့ ညနေပိုင်းမှာ ချစ်သူဟောင်းကောင်မလေးနဲ့ သူမရဲ့ ရည်းစားသစ်တို့ စားသောက်နေတဲ့ စားသောက်ဆိုင်မှာ သွားရောက်သောင်းကျန်းခဲ့ကြောင်း-


ညဦးပိုင်းမှာ ကောင်မလေးနဲ့ မိသားစုဝင်တွေ တည်းခိုနေထိုင်တဲ့ Ski Resort ဆီကို ရောက်လာခဲ့ပြီး၊ ကောင်မလေးနဲ့ စကားပြောခွင့်ရဖို့ ကြိုးစားခဲ့ကြောင်း၊ ဒါပေမယ့် ကောင်မလေးရဲ့ဖခင်က မောင်းထုတ်ခဲ့ပြီး၊ ရဲကိုတိုင်မယ်လို့ ခြိမ်းခြောက်ပြန်လွှတ်ခဲ့ကြောင်း-


အဲဒီနောက် တနင်္ဂနွေမနက်အစောပိုင်းမှာ ညီရဲ့သေနတ်ကို ယူကာ တစ်မိသားစုလုံးကို ပစ်သတ်ခဲ့တာလို့ သိရပါတယ်။ တရားခံရဲ့အမည်ကို Andi E လို့သာ ဖော်ပြထားပြီး၊ ရည်းစားဟောင်း ကောင်မလေးမှာ (၁၉)နှစ်၊ သူမရဲ့ ချစ်သူအသစ်မှာ (၂၄)နှစ် ဖြစ်ပါတယ်။


သေဆုံးခဲ့တဲ့ မိသားစုဝင်(၃)ဦးကတော့ ဖခင် (၅၉)နှစ်၊ မိခင် (၅၁)နှစ်၊ အစ်ကို (၂၅)နှစ်တို့ဖြစ်ကြောင်း သိရပါတယ်။ Andi ဟာ မနက်ခင်း (၆)နာရီမှာ ပြစ်မှုကျူးလွန်တဲ့ သေနတ်နဲ့အတူ ရဲစခန်းကို သွားရောက်အဖမ်းခံခဲ့ပါတယ်။ သူ့မှာ ဓားတစ်ချောင်းလည်း ပါလာခဲ့တယ်လို့ သိရပါတယ်။


နတ်သူကြီး