(၄) နှစ်သမီးလေးကို သားမယားပြုကျင့်ရန် ကြံစည်မှု

2019-10-09 12:06:42


(၄) နှစ်သမီးလေးကို သားမယားပြုကျင့်ရန် ကြံစည်မှု

(၄) နှစ်သမီးလေးကို သားမယားပြုကျင့်ရန် ကြံစည်မှု


မှော်ဘီမြို့နယ်၌ အရွယ်မရောက်သေးသည့် မိန်းကလေးတစ်ဦးအား သားမယားပြုကျင့်ရန် ကြံစည်သူအား အရေးယူထားကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် တိုးချဲ့ ၂ရပ်ကွက်၌ အောက်တိုဘာ ၆ ရက်နေ့ နံနက်က မိခင်ဖြစ်သူ အလုပ်သွားနေစဉ်နေအိမ် ၌ သားသမီးလေးဦး ကျန်နေခဲ့၍ ၎င်းသားသမီးများအား နေအိမ်အနီးမိတ်ဆွေ အိမ်၌ သားသမီးများအား ကြည့်ရှုစောင့်ရှောက် ပေးပါရန်မှာကြားခဲ့ပြီး၊ ၎င်းနေညနေ ၅နာရီခန့် ၌ နေအိမ်အနီးမိတ်ဆွေများမှ ဖုန်းဆက်ကာ ၎င်း၏ သမီးလေး အား အမျိုးသားတစ်ဦးမှ စက်ဘီးဖြင့် လှပဒါးစိုက်ကွင်းဘက်သို့ တင်ခေါ် သွားကြောင်း အကြောင်းကြားသဖြင့် သိရှိခဲ့ရကြောင်း ဆိုသည်။


မိတ်ဆွေများအကြောင်းကြားသဖြင့် မိခင်ဖြစ်သူက လှပဒါးစိုက်ကွင်းဘက်သို့သွားရောက်ကြည့်ရှုခဲ့ရာ စိုက်ကွင်းလမ်းအရောက်၌ အိမ်နီးချင်းများနှင့်အတူ သမီးငယ်လေးအား တွေ့ရှိရသဖြင့် မေးမြန်းခဲ့ရာ အဆိုပါနေ့ညနေ ၅နာရီခန့်က တစ်ရပ်ကွက်တည်းနေ ဇင်မျိုးကိုမှအရက်မူးပြီး သမီးငယ်လေးအား စက်ဘီးဖြင့်ခေါ်ဆောင်သွား ၍ စိတ်မချသဖြင့်နောက်မှ လိုက်သွားခဲ့ရာ လှပဒါးစိုက်ကွင်း တာရိုးလမ်းမပေါ်တွင် ဇင်မျိုးကိုတွင် ၎င်း၏ပုဆိုးအားမြေပေါ်ဖြန့်ခင်း ၍ သမီးငယ်လေး အားမဖွယ်မရာ ပွတ်သတ်ကိုင်တွယ်နေပြီး ခန္ဓာကိုယ်ပေါ်ခွ၍ သားမယားပြုကျင့်ရန် ကြံစည်နေစဉ် သမီးငယ်လေးအား ပြန်ခေါ်လာခဲ့ ကြောင်းပြောပြသိရှိခဲ့ရ သည်ဆို၏။


အရွယ်မရောက်သေးသည့် သမီးဖြစ်သူ အား သားမယားပြုကျင့်ရန် ကြံစည်သူ ဇင်မျိုးကို ၃၇ နှစ်၊ ၂ရပ်ကွက် မှော်ဘီမြို့နယ်နေသူအား ဥပဒေအရ အရေးယူပေးပါရန် အောက်တိုဘာ ရရက်နေ့၌ မိခင်ဖြစ်သူမှတရားလိုပြုလုပ်တိုင် တန်းခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ ဇင်မျိုးကိုအား မှော်ဘီ မြို့မရဲစခန်းမှ (ပ)၂၂၆၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။


ကျော်လွင်အေး(မင်္ဂလာဒုံ) Real News Distribution Agency