အဲယားကွန်းအခန်းထဲမှာ ချက်ပြုတ်စားသောက်လို့ အဆိပ်သင့်ပြီး လူသုံးဦးဆေးရုံရောက်

2019-10-09 11:52:31


အဲယားကွန်းအခန်းထဲမှာ ချက်ပြုတ်စားသောက်လို့ အဆိပ်သင့်ပြီး လူသုံးဦးဆေးရုံရောက်

အဲယားကွန်းအခန်းထဲမှာ ချက်ပြုတ်စားသောက်လို့ အဆိပ်သင့်ပြီး လူသုံးဦးဆေးရုံရောက်


အဲယားကွန်းနဲ့ အမြဲအချိန်ပြည့်နေတတ်တဲ့ လူတွေအတွက် တရုတ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က နမူနာယူစရာ ဖြစ်နေပါတယ်။ အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်စားသောက်နေရင်း ဘာမှအကြောင်းမယ်မယ်ရရမရှိတဲ့ ကာဘွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခဲ့တဲ့ မိသားစုဝင်သုံးဦရဲ့အဖြစ်ပါ။


တရုတ်နိုင်ငံ၊ Nanning ဒေသမှာ နေထိုင်တဲ့ Liang ဆိုတဲ့ အဖိုးတစ်ယောက်ဟာ အိမ်မှာကိုယ်တိုင်ထမင်းချက်စားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြေးဖြစ်သူရယ် ညီမဖြစ်သူရယ်က အခန်းထဲမှာထိုင်နေပြီး၊ ပုံမှန်အတိုင်းရှိနေကြပါတယ်။ တစ်နာရီလောက်အကြာမှာတော့ ဧည့်ခန်းမှာနေနေတဲ့ နှစ်ယောက်က အနံ့တစ်ခုဟာ ပုံမှန်မဟုတ်တာကို သတိထားမိခဲ့ပါတယ်။


မီးဖိုချောင်ကို သွားကြည့်ခဲ့ကြပြီး၊ တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်ချိန်မှာ Liang က ကြမ်းပြင်ပေါ်မှာ စကားမပြောနိုင်ဘဲ အသက်ငင်နေပါပြီ။ နောက်တော့ ဆေးရုံကိုရောက်သွားခဲ့ချိန်မှာ သုံးယောက်လုံးက ကာဗွန်မိုနောက်ဆိုက်သင့်နေတာပါ။ ကျန်တဲ့နှစ်ယောက်က ဟင်းချက်တာမဟုတ်ဘဲ အဝေးကနေမှ ရှုရှိုက်ခဲ့မိတဲ့အတွက် ချက်ချင်းမသိသာခဲ့တာဖြစ်ပါတယ်။


နောက်တော့ဆရာဝန်တွေက တကယ်ပဲ ကာဗွန်မိုနောက်ဆိုက်ဒ်သင့်တာလို့ အတည်ပြုခဲ့ချိန်မှာ ဖြစ်နိုင်ချေတွေကို မေးပါတော့တယ်။ အဲဒီအချိန်မှ အဲကွန်းမပိတ်ထားသလို အခန်းကို လုံေနေအောင်ထားပြီး ချက်ပြုတ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အစာချက်ပြုတ်ချိန်မှာ ထွက်တဲ့ ကာဗွန်ဟာ အဲကွန်းနဲ့ ဓာတ်ပြုပြီး လောထွက်ပေါက်မရှိတဲ့အတွက် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်သွားခဲံတာပါ။


ကံကောင်းခဲ့တယ်လို့ဆိုရမှာက ဆေးရုံကိုအချိန်မီသာရောက်မလာခဲ့ရင် ကိုမာဖြစ်သွားဖို့ နည်းနည်းလေးပဲလိုတော့တယ်လို့ World of buzz သတင်းဌာနက ဆိုခဲ့ပါတယ်။ Apannpyay ပရိသတ်တွေအနေနဲ့လည်း အဲယားကွန်းအလုံပိတ်ထဲမှာ ချက်ပြုတ်တာတွေကို ရှောင်ကြဉ်ဖို့လိုသလို ချက်မိခဲ့ရင်လည်း လေထွက်ပေါက်တွေ ထားသင့်တယ်လို့ ဆရာဝန်တွေက ညွှန်ကြားထားတာတွေ့ရပါတယ်။


သူေရး-ApannPyay