ပရိသတ်ကြီးရေ ခွန်းနေကြည်ချိုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။
“ဝိပါက” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ “ဝိပါက” ဇာတ်လမ်းတွဲမှာလည်း သုတအောင်နဲ့တွဲဖက်ညီအောင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက ဇာတ်လမ်းတွဲပြီးတဲ့အထိကို ပရိသတ်တွေက လွမ်းဆွတ်တမ်းတနေခဲ့ကြရပါသေးတယ်။
မနေ့ကတော့ ခွန်းနေကြည်ချိုက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တေဇာ (သုတအောင်)နဲ့ ရိုက်ကူးထားတဲ့ စုံတွဲပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။
ပုံလေးတွေနဲကအတူလည်း “တေဇာဆိုတဲ့ကောင်လေးနဲ့ မိခိုင်ဆိုတဲ့ကောင်မလေးကို မေ့နေကြပြီလားရှင်” ဆိုပြီးတော့လည်း ပရိသတ်တွေကို မေးခွန်းထုတ်ထားခဲ့ပါသေးတယ်။
ပရိသတ်ကြီးရေ မိခိုင်လေးကတော့ သူကလည်း ပရိသတ်တွေကို လွမ်းနေလို့ သူ့ကိုလွမ်းနေတဲ့ပရိသတ်တွေအတွက်လည်း ဒီပုံလေးတွေက အလွမ်းပြေပါတဲ့နော်။
Source – Khun Nay Kyi Cho
Credit – CeleZone