ရင်သားတွေကို စုတ်တံသဖွယ်အသုံးပြုပြီး ဘုရင်မကြီးပုံဆွဲခဲ့တဲ့ အမျိုးသမီး ဝေဖန်မှုတွေခံနေရ

2019-10-09 11:50:28


ရင်သားတွေကို စုတ်တံသဖွယ်အသုံးပြုပြီး ဘုရင်မကြီးပုံဆွဲခဲ့တဲ့ အမျိုးသမီး ဝေဖန်မှုတွေခံနေရ

ရင်သားတွေကို စုတ်တံသဖွယ်အသုံးပြုပြီး ဘုရင်မကြီးပုံဆွဲခဲ့တဲ့ အမျိုးသမီး ဝေဖန်မှုတွေခံနေရ


ဘီလာရုနိုင်ငံ၊ မင့်ဆ်ခ်မှာ နေထိုင်တဲ့ နာဒီယာမက်တီဗက်စကီ (Nadia Matievskay)လို့ အမည်ရတဲ့ ပန်းချီဆရာမတစ်ဦးဟာ ယူကေတစ်လွှား အလေးမြတ်ထားတဲ့ ဘုရင်မကြီးအယ်လီဇဘတ်ရဲ့ပုံကို ရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့် နာဒီယာဟာ စုတ်တံအဖြစ် ရင်သားတွေကို အသုုံးပြုခဲ့တာလို့ The Sun က ဆိုပါတယ်။


နာဒီယာဟာ ပန်းချီဆွဲတဲ့အခါတိုင်း ရင်သားကို စုတ်တံပြုလုပ် ရေးဆွဲတာဖြစ်ပြီး၊ လက်ရာမြောက်တဲ့ ရှုခင်းတွေ၊ လူတွေရဲ့ ကိုယ်လုံးပေါ်ပုံတွေကို ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့ ဖော်ကျူးခဲ့ရာ၊ အများက ချီးကျူးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ သူမကို ချီးကျူးသံထက် ဝေဖန်သူက ပိုများနေပါတယ်။


ယူကေတလွှားမှာ အထွတ်အမြတ်ထားတဲ့ ဘုရင်မကြီးရဲ့ပုံကို တစ်ခြားနည်းလမ်းနဲ့ ဖော်ပြလို့ ရရဲ့သားနဲ့ အခုလို လုပ်တာ မကောင်းဘူးလို့ ဝေဖန်နေကြတာပါ။ အသက်(၂၁)အရွယ် နာဒီယာကတော့ သူမကို ဘယ်လိုပဲဝေဖန်နေပေမယ့်၊ အခု ထွက်ပေါ်လာတဲ့ ရလဒ်ကို မြတ်နိုးတယ်လို့ ပြောပါတယ်။


နောက်ပြီး ခေတ်မီပြီး ယဉ်ကျေးမှုရှိတဲ့နိုင်ငံတွေတောင် ရင်သားကို ရိုင်းပြတဲ့အရာလို့ မြင်နေသေးတာကိုသာ အံ့သြမိကြောင်းနဲ့၊ သူတို့ဟာ ဘယ်လောက်ပဲ ယဉ်ကျေးယောင်ဆောင်နေကြပါစေ၊ အနုပညာကိုအနုပညာလို့ မမြင်တဲ့ အရိုင်းစိတ်တွေသာ ပိုင်ဆိုင်ထားသူတွေလို့ ပြန်လည်တုံပြန်လိုက်ပါတယ်။


Credit: နတ်သူကြီး-ApannPyay