မြင်းပေါ်က ပြုတ်ကျပြီး၊ မေးရိုးတစ်ခုလုံး ပြုတ်ထွက်သွားခဲ့တဲ့ ကောင်မလေးရဲ့အဖြစ်

2019-10-09 11:43:22


မြင်းပေါ်က ပြုတ်ကျပြီး၊ မေးရိုးတစ်ခုလုံး ပြုတ်ထွက်သွားခဲ့တဲ့ ကောင်မလေးရဲ့အဖြစ်

မြင်းပေါ်က ပြုတ်ကျပြီး၊ မေးရိုးတစ်ခုလုံး ပြုတ်ထွက်သွားခဲ့တဲ့ ကောင်မလေးရဲ့အဖြစ်


အသက်(၁၅)နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ မြင်းစီးလေ့ကျင့်စဉ်၊ မြင်းက တရှိန်ထိုးပြေးပြီး အစီးမခံ ခါချခဲ့တဲ့အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်းကို UniLad က ဖော်ပြထားတာပါ။ ကလေးမလေးရဲ့နာမည်ကတော့ Emily Eccle ဖြစ်ပါတယ်။


Emily ဟာ အသက်(၁၅)နှစ်ဖြစ်ပြီး၊ ပြုတ်ကျလာတဲ့ မေးရိုးတွဲလောင်းကြီးကို ချိတ်ဆွဲထားတာက တစ်လမဗြက်အရွယ် အရေပြားလေးသာ ကျန်နေပါတော့တယ်။ Emily ဟာ Baslow, Derbyshire မှာ မြင်းစီးစဉ် အခုလို ဖြစ်ခဲ့တာပါ။ ရရှိထားတဲ့ ဒဏ်ရာက-


ဆိုးလွန်းလို့ သေမယ်လို့တောင် ထင်ခဲ့ပါသတဲ့။ Emily ကို ဆေးရုံအမြန် ပို့ပေးခဲ့ကြရာ၊ မျက်နှာပြင်ပြုပြင်တည်ဆောက်ရေးနဲ့ ခွဲစိတ်ဘက်မှာ အထူးကျွမ်းကျင်တဲ့ ဒေါက်တာ Ricardo Mohammed-Ali နဲ့အဖွဲ့က တာဝန်ယူခွဲစိတ်ခဲ့ရာ ထင်မှတ်မထားလောက်အောင် ပြန်ပြီး ကောင်းသွားခဲ့ပါတယ်။


ဒီအဖြစ်အပျက်ဟာ သြဂုတ်လ အစောပိုင်းက ဖြစ်ခဲ့တာပါ။ Emily ဟာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်တဲ့အတွက်၊ သူမ ဝါသနာပါတဲ့ မြင်းစီးခြင်းကို ပြန်လည်လေ့ကျင့်လိုနေပါတယ်။ ဒါပေမယ့် သူမရဲ့ မိဘတွေက နောက်တစ်ကြိမ်ထပ်ပြီး ခွင့်ပြုမှာ မဟုတ်တော့ပါဘူးတဲ့။


သတ္တိိခဲ Emily ကတော့ ဒဏ်ရာရရှိစဉ်တုန်းကလည်း မျက်နှာတစ်ချက် မပျက်ခဲ့ဘူးလို့ ဆိုပါတယ်။ သူမဟာ နာကျင်လွန်းတဲ့ဒဏ်ကို သတ္တိရှိစွာ အောင့်အည်းသည်းခံပြီး မျက်ရည်တစ်စက်မကျခဲ့ဘူးလို့ သူမရဲ့ မိခင်က ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်တွေရဲ့ ကြိုးစားမှုကိုလည်း ကျေးဇူးတင်ရမှာပါ။


လင်းဇော်ကို