စစ်ဖြစ်မယ်ကြားလို့ လောက်ကိုင်က ပြည်သူတွေ ကားကြီး ကားငယ်တွေနဲ့ ရွှေ့ပြောင်း


စစ်ဖြစ်မယ်ကြားလို့ လောက်ကိုင်က ပြည်သူတွေ ကားကြီး ကားငယ်တွေနဲ့ ရွှေ့ပြောင်း

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA နဲ့ အာဏာလု စစ်ကောင်စီတပ်တွေ စစ်ဖြစ်မယ်ကြားလို့ လောက်ကိုင်ဒေသခံတွေ ကားကြီး ကားငယ်တွေနဲ့ ရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံတွေ ရိုက်ကူးဖော်ပြတဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။


လောက်ကိုင်မြို့ဟာ MNDAA ရဲ့ စစ်ဒေသလည်းပါဝင်သလို အာဏာလု စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေပါ ခြေခြင်းလိမ်တဲ့ နယ်စပ်မြို့တစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်ကလည်း တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့တဲ့မြို့ဖြစ်ပါတယ်။


ဒီအကြောင်းအရာနဲ့ပတ်သက်လို့ MNDAA သတင်းထုတ်ပြန်ရေးဖြစ်တဲ့ ကိုးကန့်သတင်းစဥ်ကတော့ ပြည်သူလူထုကို တစ်စုံတစ်ရာ ထုတ်ပြန်တာ အသိပေးတာ မတွေ့ရသေးပါဘူး။


Video – CJ (မူရင်းရိုက်ကူးဖော်ပြသူ The in Min Tun Facebook အကောင့်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်)