နတ်ကွန်းအိမ် အား ခေတ်မှီ 5G ဒီဇိုင်းသစ် ပုံပြောင်းခဲ့သူ ရုတ်တရက် ကွယ်လွန်

2019-10-09 11:37:35


နတ်ကွန်းအိမ် အား ခေတ်မှီ 5G ဒီဇိုင်းသစ် ပုံပြောင်းခဲ့သူ ရုတ်တရက် ကွယ်လွန်

နတ်ကွန်းအိမ် အား ခေတ်မှီ 5G ဒီဇိုင်းသစ် ပုံပြောင်းခဲ့သူ ရုတ်တရက် ကွယ်လွန်


ထိုင်းနိုင်ငံ ဆိုရှယ် မီဒီယာတွေမှာ နာမည်ကြီးနေသူ ချိုင်ရားပွန်း ခရိုင်ကငါးဂျီ နတ်ကွန် တီထွင်သူ အသက် ၄၂ နှစ် နိုင် အဒူ ရုတ်တရက် သေဆုံးရတ ာဟာ ရိုးရာမပျက် အဆင်ပြေနေတဲ့ စန်ဖပွန် နတ်ကွန်းအိမ်ကို ပုံစံပြောင်းပြီး ကိုးကွယ်ခဲ့လို့ဖြစ်တယ်လို့ ယုံကြည်သူတွေက မှတ်ချက်ပေးကြပါတယ်။


အစင်လာမပျက်၊ ဘာ ပြသနာမှ မတက်ခဲ့တဲ့ အင်္ဂတေ ရိုးရာနတ်ကွန်းအိမ်ကို ဒီဇိုင်းသစ်ထွင် ခဲ့လို့ငါးဂျီနတ်ကွန်း မကြာခင်ရက်ပိုင်းအတွင်းက ဆိုရှယ် မီဒီယာတွေမှာ နံမည်ကြီးနေခဲ့တာဖြစ်ပါတယ်။သူ့နတ်ကွန်းအိမ်ပုံစံသစ်လို လိုက်ပြောင်းလိုသူတွေကလည်း (၅ဂျီ) နတ်ကွန်းတွေကိုနတ်ကွန်းအိမ် တွေ တီထွင်သူ နိုင်အဒူဆီမှာ အော်ဒါမှာနေခဲ့ကြပါတယ်။


နိုင်အဒူဟာ ညပိုင်း အိပ်ပျော်နေတဲ့အချိန် အော်သံ သုံးကြိမ်ကြားရပြီးအသက်မရူတော့တာလို့ ဇနီးဖြစ်သူကပြောပါတယ်။ ဆေးရုံကစစ်ချက်အရ ၀ တဲ့သူတွေမှာဖြစ်တတ်တဲ့ နှလုံးသွေးကြောပိတ် သေဆုံးရတာလို့သိရပါတယ်။


နိုင်အဒူရဲ့ ဖြစ်ရပ်ဟာ ပုံမှန်အကောင်းသား ပြောင်းမှသေဆိုတဲ့အတိုင်းပါ၊ တကယ်ဆို သူ့ဘာသူ လွယ်လွယ်ကူကူ ကိုးကွယ်ရနေတာကို ဆောက်လုပ်ရတာ ပိုခက်ပြီး အကုန်အကျများတဲ့ ငါးဂျီ နတ်ကွန်းကို ထွင်ပြီး့ အစားထိုးဘို့ လုပ်ခဲ့တာ လို့လည်း သိရပါတယ်။ SAW