ကယ်တမင်းဆေးဝါး ဘာကြောင့် ကြောက်စရာကောင်းသလဲ?

2019-10-09 11:34:48


ကယ်တမင်းဆေးဝါး ဘာကြောင့် ကြောက်စရာကောင်းသလဲ?

ကယ်တမင်းဆေးဝါး ဘာကြောင့် ကြောက်စရာကောင်းသလဲ?


ကယ်တမင်းဆိုတဲ့ဆေးကို ဆေးရုံတွေမှာ အပျော့စား မေ့ဆေးအနေနဲ့ သုံးကြပါတယ်။ သွားနှုတ်တဲ့အခါ၊ နားနှာခေါင်းလည်ချောင်း ရောဂါအဖြေရှာဖို့ စစ်ဆေးတဲ့အခါမျိုးမှာ သုံးပါတယ်။ ဒီဆေးကို လူငယ်အများစုက မလိုအပ်ဘဲသုံးစွဲတဲ့အခါ ခန္ဓာကိုယ်ပြင်ပကို ဝိဉာဉ်က လွင့်ပျံနေသလို ခံစားရပါသတဲ့။


ဒီလိုဆေးမျိုးကို Date-Rape ဆေးလို့လဲ ခေါ်ပါသေးတယ်။ Date လုပ်ရင်း ဆေးထည့်တိုက် မေ့သွားတဲ့ အခါ rape လုပ် ပြန်နိုးလာရင် ဘာမှ မသိဖြစ်တတ်တာမျိုးပါ။ တစ်ခါ ecstasy သဘော ကိုယ်တိုင်သောက်သုံးပြီး ပါတီတွေမှာ လွင့်မျောဖို့လည်း သုံးတတ်ကြပါသေးတယ်။


ကယ်တမင်း၏ အခြားအမည်များKitKat, Vitamin K, Super K, Special K, မြင်းမေ့ဆေး


ဘယ်လိုနည်းနဲ့ သုံးစွဲသလဲ?


ဆေးလုံးအနေနဲ့ သောက်တယ်၊ အမှုန့်ချေပြီး ရှူတယ်၊ ဆေးခြောက်၊ ဆေးလိပ်ထဲမှာ ထည့်လိပ်ပြီး သောက်တယ်၊ အအေးထဲ ထည့်သောက်တယ်။သောက်ပြီးတာနဲ့ မိနစ်အနည်းငယ်အတွင်းအစွမ်းပြပြီး ၁နာရီ အတွင်း ဆေးပြယ်ပါတယ်။


ဘာကြောင့် ကြောက်စရာကောင်းသလဲ?


ကယ်တမင်းဆေးဝါးကို abuse လုပ်ရင်-မျက်လုံးကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်မရဖြစ်မယ်။-စဉ်းစားတွေခေါ်တဲ့အခါ သင်ယူတဲ့အခါမှာ အခက်အခဲတွေရှိလာမယ်။-hallucinations လို့ ခေါ်တဲ့ မရှိတဲ့အရာတွေကို မြင်တာ၊ မထွက်တဲ့ အသံတွေကို ကြားတာတွေဖြစ်လာမယ်။


-မူးမယ်၊ အော့အန်မယ်။- မျက်စိသူငယ်အိမ်ကျယ်ပြီး အမြင်အာရုံတွေ မှောက်မှားမယ်။- အကြောလိုက်မယ်၊ ကြွက်တက်မယ်။- နှလုံးခုန်နှုန်းနှေးပြီး-မျက်ရိုးကိုက်၊ ခေါင်းကိုက်၊ အစားအသောက်ပျက်ဖြစ်မယ်။overdose ဖြစ်ရင် သေနိုင်ပါတယ်။overdose မဖြစ်ဘဲ ကြာကြာစွဲသုံးရင် ရူးမယ်၊ အသည်း၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ် ပျက်ဆီးမယ် heart attack ရမယ်၊ ဦးဏှောက်ပျက်ဆီးပါမယ်။


မူးယစ်ဆေးဝါးများနှင့် ဖော်ပြနိုင်သော အချိန်ကာလ


၁။AMP- စိတ်ကြွရူးသွပ်ဆေး (ခေါ် ) အမ်ဖက်တမင်း – ၄ ရက်အတွင်း


၂။MET- ရေခဲ (ခေါ်) ice (ခေါ်) မက်သာဖက်တမင်း – ၃ ရက်အတွင်း


၃။MDMA- ခေါင်းခါဆေး (ခေါ်) esctasy – ၂ ရက်အတွင်း


၄။THC- ဆေးခြောက် – ရက် ၃၀ အတွင်း


၅။COC- ကိုကိန်း – ၃ ရက်အတွင်း


၆။KET- ကယ်တမင်း – ၁ ရက်မှ ၃ရက်အတွင်း


မူရင်း Crd ထပ်မံဖြည့်စွက်ချက် Soe Mya Soe