ပထမတန်းကျောင်းသားလေးအား ရိုက်နှက်ပြီး ရွှေဆွဲကြိုးလုယူသွားသူအမျိုးသမီးအားဖမ်းဆီးရမိ

2019-10-09 11:32:22


ပထမတန်းကျောင်းသားလေးအား ရိုက်နှက်ပြီး ရွှေဆွဲကြိုးလုယူသွားသူအမျိုးသမီးအားဖမ်းဆီးရမိ

ပထမတန်းကျောင်းသားလေးအား ရိုက်နှက်ပြီး ရွှေဆွဲကြိုးလုယူသွားသူအမျိုးသမီးအားဖမ်းဆီးရမိ


မိုးညှင်းမြို့တွင် ပထမတန်းကျောင်းသားလေးအား ရိုက်နှက်ပြီး ရွှေဆွဲကြိုးလုယူသွားသူအမျိုးသမီးအားအချိန်နှင့်တပြေးညီဖမ်းဆီးရမိ


ကချင်ပြည်နယ်မိုးညှင်းမြို့နောင်စွန်းမူလတန်းကျောင်းမှပထမတန်းကျောင်းသားလေးအားရိုက်နှက်ပြီးရွှေဆွဲကြိးဖြုတ်ယူသွားသူအားသက်သေခံပစ္စည်းနှင့်အတူအချိန်နှင့်တပြေးညီဖမ်းဆီးရမိခဲ့သဖြင့်ဥပဒေနှင့်အညီအရေးယူထားခဲ့ပေသည်။


ဖြစ်ပွါးပုံမှာအောက်တိုဘာလ(၈)ရက်နေ့နံနက်(၉)နာရီအချိန်တွင်မိုးညှင်းမြို့မရဲစခန်း၌ဒုရဲအုပ်ထက်ထက်မျိုးအောင်သည်တာဝန်မှူးအဖြစ်ဆောင်ရွက်နေစဉ်မိုးညှင်းမြို့နောင်စွန်းမူလတန်းကျောင်းပထမတန်းတွင်ပညာသင်ကြားနေသောမောင်ရဲရင့်အောင်ပျောက်ဆုံးနေကြောင်းမိခင်ဖြစ်သူဒေါ်ကြူကြူဝင်းမှမိုးညှင်းမြို့မရဲစခန်းသို့လာရောက်အကြောင်းကြားခဲ့သည်။


ထို့ကြောင့်မြို့မရဲစခန်းမှူးဒုရဲမှူးလေးမြင့်နှင့်နယ်ထိန်းအဖွဲ့သည်နယ်မြေအတွင်းလူစုခွဲ၍ရှာဖွေမှုပြုစဉ်နေ့လယ်(၁)နာရီအချိန်တွင်နောင်စွန်းရပ်ကွက်နေကိုဇော်နိုင်ထွန်းဆိုသူမှပျောက်ဆုံးနေသောမောင်ရဲရင့်အောင်အားအောင်သပြေရပ်ကွက်စိန်လုံတောင်သို့သွားသည့်လမ်းဘက်မြို့ရှောင်လမ်းဘေးတွင်ဦးခေါင်းတွင်ဒဏ်ရာရရှိလျက်တွေ့ရှိကြောင်းအကြောင်းကြားခဲ့သည်။


ဦးခေါင်းယာဘက်ဂျိုစောင်းတွင်ဒဏ်ရာရရှိထားသည့်မောင်ရဲရင့်အောင်အားမိုးညှင်းခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာဆေးဝါးကုသမှုခံယူစေပြီးမေးမြန်းစုံစမ်းမှုပြုခဲ့ရာတရပ်ကွက်တည်းနေတုံးတိမ၏အမေဖြစ်သူဒေါ်မော်မော်စန်းမှ”မင်းအမေကခေါ်ခိုင်းလိုက်တယ်လိုက်ခဲ့ဦး” ဟုပြောဆိုကာ


ဆိုင်ကယ်ဖြင့်လာရောက်ခေါ်ဆောင်ပြီးအောင်သပြေရပ်ကွက်မြို့ရှောင်လမ်းဘက်မှအုတ်ဖိုလမ်းဘက်သို့ခေါ်ဆောင်သွားပြီးဦးခေါင်းအားအုတ်ခဲဖြင့်ထုကာလည်ပင်းတွင်ဆွဲထားသောရွှေဆွဲကြိုးအားဖြုတ်ယူသွားကြောင်းဟြေကြားခဲ့သည်။


ထို့ကြောင့်နောင်စွန်းရပ်ကွက်နေဒေါ်မော်မော်စန်းအားဖမ်းဆီးစစ်ဆေးခဲ့ရာပြစ်မှူကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့ပြီးသက်သေခံရွှေဆွဲကြိုးအားပေါင်နှံထားသောမြို့မဈေးအတွင်းရှိရွှေဆိုင်တစ်ဆိုင်မှသိမ်းဆည်းနှိုင်ခဲ့ကြသဖြင့်မောင်ရဲရင့်အောင်၏မိခင်ဖြစ်သူဒေါ်ကြူကြူဝင်းမှတရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့သည်။


ထို့ကြောင့်ဒေါ်မော်မော်စန်း(၂၄)နှစ်(ဘ)ဦးသောင့်ညွန့်နောင်စွန်းရပ်အရှေ့စုအုပ်စုမိုးညှင်းမြို့နေထိုင်သူအားမိုးညှင်းမြို့မရဲစခန်းမှ(ပ)–/၂၀၁၉ပုဒ်မ—ဖြင့် အမှုရေးဖွင့်ထားခဲ့ကြောင်းသိရှိရသည်။…..


မချစ်ဖူးသေးတဲ့အချစ်ဦးလေးပါဗျ ZinMoe