သိန်းတစ်ထောင်ဆု ပေါက်တဲ့ ထီလက်မှတ် အငြင်းပွားမှု နောက်ဆက်တွဲ

2019-10-08 18:43:13


သိန်းတစ်ထောင်ဆု ပေါက်တဲ့ ထီလက်မှတ် အငြင်းပွားမှု နောက်ဆက်တွဲ

သိန်းတစ်ထောင်ဆု ပေါက်တဲ့ ထီလက်မှတ် အငြင်းပွားမှု နောက်ဆက်တွဲ


(၈)ကြိမ်မြောက် အောင်ဘာလေထီဆုတွင် ကျပ်သိန်းတစ် ထောင်ဆုမဲထီလက်မှတ်နှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားပြီး ထီထိုးသူက ထီဆိုင်ပိုင်ရှင်ကို လိမ်လည်မှုဖြင့် အမှုဖွင့်ခဲ့သည်။


မန္တလေးမြို့တွင်နေထိုင်သော မဇင်ဇင်သည် စက်တင်ဘာ ၂၉ ရက် က သူငယ်ချင်းဖြစ်သူ ထီကိုယ်စားလှယ်မစန်းအိခိုင်ထံမှ ထီလက်မှတ်ကို အွန်လိုင်းမှတစ်ဆင့်မှာယူကာ စက်တင်ဘာ ၃၀ ရက်တွင် လူကိုယ်တိုင် ထီလက်မှတ်ဖိုး သွားရောက်ပေးခဲ့ကြောင်း ပြောသည်။


‘‘၂၉ ရက်နေ့မှာ မစန်းအိခိုင်က ထီထိုးပါဦးပြောတယ်။ သူငယ် ချင်းတစ်ယောက်အနေနဲ့ အားပေးတယ်။ အားပေးတဲ့အခါမှာ ညီမ လိုချင်တဲ့နံပါတ်ရှိလားမေးတော့ သူ့ထဲမှာမရှိဘူး။ မရှိတော့ သူ့ရဲ့ ကိုယ်စားလှယ်အစ်မဆီမှာ မေးကြည့်ပေးတယ်။ ပြီးတော့ မက်ဆင်ဂျာ ကနေ ပို့ထားတယ်။ အဲဒီတော့ ညီမလိုချင်တဲ့ နံပါတ်လေးဖြစ်နေတော့ ယူလိုက်တယ်။ ၃၀ ရက်နေ့မှာ ငွေချေလိုက်တယ်’’ ဟု မဇင်ဇင်က ပြော သည်။


မဇင်ဇင်အတွက် ထီလက်မှတ်ကို မင်းကွန်းတိုက်နယ် မြသိန်း တန်စေတီအနီးရှိ ဒေါ်မို့မို့တင်ဆိုုင်၏ ထီဆိုင်တွင် ဖုန်းဖြင့် ဆက်သွယ်မှာ ယူခဲ့ကြောင်း မစန်းအိခိုင်က ပြောသည်။


‘‘မဇင်ဇင်က ထိုးချင်တဲ့ထီ ညီမထဲမှာမရှိလို့ မြသိန်းတန် ဘုရားနားက ညီမကိုယ်စားလှယ် ဆီဆက်မေးတယ်။ သူကရှာပေး တော့ရှိတယ်။ အဲဒါဆို လိုင်းပေါ် ကနေ ပို့ပေးပါဦး။ အဲဒီထီလက် မှတ်ကို ယူမယ်။ မန္တလေးကို ရောက်နေလို့ ညီမ မင်းကွန်းကို လာရင် ပိုက်ဆံပေးမယ်ပြော လိုက်တယ်။ ၃၀ ရက်နေ့မှာ ထီ လက်မှတ်ဖိုးပေးလိုက်တယ်။ လက်မှတ်တောင်းတော့ ဆိုင်ရှင် က မအားသေးဘူး။ ညည်းနဲ့ ငါနဲ့ ပြောရမယ့်သူတွေလည်းမဟုတ် ဘူးပြောတယ်။ ညီမကလည်း ယုံ တော့ လက်မှတ်မယူခဲ့ရဘဲ ပိုက် ဆံပဲ ပေးခဲ့တယ်’’ ဟု မစန်းအိ ခိုင်က ပြောသည်။


သိန်းတစ်ထောင်ပေါက်မဲ နံပါတ်သည် ကခ-၁၂၃၅၉၃ ဖြစ် ပြီး အောက်တိုဘာ ၁ ရက်တွင် မစန်းအိခိုင်က ၎င်းဝယ်ယူထား သောထီမှာ ကျပ်သိန်းတစ်ထောင် ပေါက်ကြောင်းပြောဆိုကာ ထီ လက်မှတ်တောင်းခံရာ အလွယ် တကူပေး၍ မရကြောင်း၊ ကျပ် သိန်းတစ်ထောင်ဖြစ်၍ အကျိုးခံ စားခွင့်များ မည်မျှရှိသည်ကို မေး မြန်းရဦးမည်ဖြစ်ကြောင်း၊ ၎င်းနှင့် ကျပ်သိန်းငါးရာစီခွဲယူ၍လည်း ရ ပါကြောင်း ထီဆိုင်ပိုင်ရှင်၏ အစ်မဖြစ်သူ ဒေါ်မီမီတင်ဆိုင်က ပြန်လည်ပြောဆိုခဲ့သည်ဟု မစန်း အိခိုင်က ပြောသည်။


ယင်းနှင့် ပတ်သက်၍ အောက်တိုဘာ ၃ ရက်တွင် မင်း ကွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ မဇင်ဇင်က သွားရောက် ညှိနှိုင်းခဲ့သော်လည်း ထီဆိုင်ပိုင် ရှင်၏ အစ်မဖြစ်သူရောက်လာပြီး ထီလက်မှတ်ကို မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု မဇင်ဇင်က ပြောသည်။


‘‘ဆိုင်ပိုင်ရှင်ရဲ့အစ်မက ဒီ ကိစ္စက သူနဲ့မသက်ဆိုင်ဘူး။ သူနဲ့ စန်းအိခိုင်နဲ့ပဲ သက်ဆိုင်တယ် ပြောတယ်။ နောက်တစ်ခုက သူ က ထီဥပဒေအတိုင်းပဲသွားမယ် လို့ပြောတယ်။ ဘယ်လိုနည်းနဲ့မှ မပေးနိုင်ဘူးဆိုပြီး ရပ်ကွက်လူ ကြီးတွေရှေ့မှာပဲ ငြင်းဆိုခဲ့တယ်’’ ဟု မဇင်ဇင်ကပြောသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ အောက်တိုဘာ ၇ ရက် တွင် မဇင်ဇင်က တရားလိုပြုလုပ် ပြီး မစန်းအိခိုင်က အသိသက်သေ ပြုလုပ်ကာ မင်းကွန်းတိုက်နယ် ရဲစခန်း၌ လိမ်လည်မှုဖြင့် အမှု ဖွင့်ထားကြောင်း အဆိုပါရဲစခန်း မှူးရဲမှူးဝင်းနိုင်က ပြောသည်။


အုပ်ချုပ်ရေးမှူးရုံးတွင် ညှိ နှိုင်းခဲ့မှုနှင့်ပတ်သက်၍ ပါဝင် သော မင်းကွန်းကျေးရွာအုပ်ချုပ် ရေးမှူးဦးမြင့်လွင်က ‘‘ထီလက် မှတ်ဖိုးလည်းပေးတယ်။ ကောင် မလေးတွေပြောတာ အကုန်မှန် တယ်လို့လည်း ဆိုင်ပိုင်ရှင်က လက်ခံတယ်။ ဒါပေမဲ့ လက်မှတ် က သူ့လက်ထဲမှာပဲရှိတာကြောင့် မပေးနိုင်ဘူးပြောတာ’’ ဟု ပြော သည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထီဆိုင်ပိုင်ရှင်ဒေါ်မို့မို့တင်ဆိုင်ကို အောက်တိုဘာ ၆ ရက်တွင် ဆက် သွယ်မေးမြန်းရာ ဖြေကြားရန် ငြင်းဆန်သည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်) ညွှန်ကြားရေးမှူးဦး ကျော်သန့်လွင်က ‘‘ထီလက်မှတ် တင်ပြသူကိုသာ ဆုငွေထုတ်ပေး ရမယ်လို့ စည်းကမ်းချက်ပါပြီး သား။ ပြင်ပမှာ အငြင်းပွားမှုကိစ္စ တွေရုံးနဲ့မဆိုင်ဘူး။ ဒီပြဿနာ တွေရှိနိုင်လို့ စည်းကမ်းချက်တွေ ထည့်ထားတာ။ ဒါနဲ့ပတ်သက်ပြီး သူတို့ (မဇင်ဇင်) ရုံးကိုလာမေး တယ်။ ရုံးအနေနဲ့လည်း ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ အငြင်းပွား ပြဿနာဖြစ်လို့ ရဲစခန်းမှာပဲဖြေ ရှင်းကြပေါ့။ ကျွန်တော်တို့ဘက် ကတော့ ဒီထီလက်မှတ်က လက် မှတ်တင်ပြပြီး ထုတ်သွားပါပြီ။ ဒီလက်မှတ်က အစစ်ဖြစ်ပါတယ် ဆိုတာ တရားရုံးမှာ သက်သေ ထွက်ပေးလို့ပဲ ရမယ်’’ ဟု ပြော သည်။


ထီပေါက်သူသည် ဆုရ လက်မှတ်တင်ပြနိုင်မှသာလျှင် ဆုငွေထုတ်ခွင့်ရှိပြီး ထီလက်မှတ် ဝယ်ယူကြောင်း၊ ပိုင်ဆိုင် ကြောင်း၊ ပျောက်ဆုံးသွား ကြောင်းတို့နှင့်စပ်လျဉ်းသော အ ချက်များ၊ အငြင်းပွားခြင်းများ၊ ကန့်ကွက်ခြင်းများစသည်တို့ကို အောင်ဘာလေသိန်းဆုဌာနခွဲက လက်ခံစဉ်းစားပေးမည်မဟုတ် ဘဲ ဆုရလက်မှတ်တင်ပြသူကိုသာ လျှင် ဆုငွေရထိုက်သည်ဟု အ သိအမှတ်ပြုမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက စည်းကမ်းချက် ထုတ်ပြန်ထား သည်။


7Day News Journal