ရန်ကုန်တွင် လေပြင်းများတိုက်ခတ်နေ
ရန်ကုန်မြို့တွင် လေပြင်းများတိုက်ခတ်ခြင်း၊လေနီကြမ်းပုံစံတိုက်ခတ်ခြင်းများရှိနေကြောင်း မြို့ခံတွေထံမှ သိရသည်။
“လေပြင်းချက်က သွပ်ပြားတွေ လန်ထွက်သွားတော့မလိုပဲ” ဟုဗိုလ်တစ်ထောင်မြို့ခံတစ်ဦးကပြောသည်။
ရန်ကုန်မှာလေပြင်းတွေ တိုက်နေပြီး မီးတွေ ပြတ်သွားပြန်
မိမိတို့နေထိုင်ရာမြို့နယ်တွေမှာရော လေပြင်းတိုက်ခတ်မှုကို တွေ့ကြုံရပါသလား။ မှတ်ချက်မှာလာရောက်မျှဝေဖို့လေးစားစွာဖိတ်ခေါ်အပ်ပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ဒီနေ့ နိုဝင်ဘာ ၃၀ ရက် ည ကိုးနာရီကျော်ခန့်ကစလို့ ခုအချိန်အထိ လေပြင်းတွေ တိုက်ခတ်နေပါတယ်။
လေပြင်းတိုက်ခတ်မှုကို သာကေတ၊ တောင်ဒဂုံ၊ ကမာရွတ်၊ လှိုင်၊ အင်းစိန်၊ ဗိုလ်တထောင် စတဲ့မြို့နယ်တွေမှာ သိသိသာသာခံစားနေရပါတယ်။
လေပြင်းနဲ့အတူ မြို့နယ်တချို့မှာ လျှပ်စစ်မီးတွေလည်း ပြန်လည်ပြတ်တောက်သွားပြီဖြစ်ပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာ မိုးရွာသွန်းနိုင်ပြီး ရွာရန်ရွာနှုန်း ၈၀ လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-BBC