ကင်ဆာပျောက်သွားတဲ့ ဖခင်အတွက် (၈)နှစ်အရွယ်သမီးလေးရဲ့ ဝမ်းသာမျည်ရည်

2019-10-08 18:41:58


ကင်ဆာပျောက်သွားတဲ့ ဖခင်အတွက် (၈)နှစ်အရွယ်သမီးလေးရဲ့ ဝမ်းသာမျည်ရည်

ကင်ဆာပျောက်သွားတဲ့ ဖခင်အတွက် (၈)နှစ်အရွယ်သမီးလေးရဲ့ ဝမ်းသာမျည်ရည်


ဘယ်လိုကလေးပဲဖြစ်ဖြစ်၊ မိဘ ဆင်းရဲဒုက္ခရောက်နေတာ၊ သူတို့မှာ ဆိုးရွားလှတဲ့ အနာရောဂါတွေ ဖြစ်နေတာမျိုးကို မြင်ချင်ကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် သိတတ်တဲ့အရွယ်ကိုရောက်နေတဲ့ ကလေးတွေဟာ ကိုယ့်ရဲ့မိဘတွေကို ချစ်ကြတာချည်းပါဘဲ။


အခုသတင်းလေးကတော့ Mirror သတင်းမှာ ဖော်ပြထားတာဖြစ်ပြီး၊ ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်တာပါ။ ကလေးမလေးတစ်ယောက်ဟာ ဖခင်မှာ စွဲကပ်နေတဲ့ ကင်ဆာရောဂါ ပျောက်သွားပြီဆိုတာကို သိတော့-


ဝမ်းသာလွန်းလို့ ငိုကျွေးခဲ့ရသည်အထိ ဖြစ်ခဲ့ရပါတယ်။ ကလေးမလေးကတော့ (၈)နှစ်သာရှိသေးပြီး မိုင်ဆီဒစ်ခ်ဆွန် (Maisy Dickson)လို့ အမည်ရပါတယ်။ အင်္ဂလန်က လန်ကာရှိုင်းယားမှာ နေပါတယ်။ သူမဟာ ဖခင်ရဲ့မင်္ဂလာသတင်းကို ကြားပြီး နေအိမ်အပေါ်ထပ်က ပြေးဆင်းလာခဲ့တာပါ။


အဲဒီနောက် ဝမ်းသာမျက်ရည်တွေနဲ့ ဖခင်ကို ဖက်ပြီး ငိုပါတော့တယ်။ ဖခင် Chris ဟာ ဆေးရုံမှာ (၉)ရက်ကြာ တက်ရောက်ခဲ့ရပြီး၊ မိသားစုနဲ့ တစ်ခါမှ ဒီလောက်အကြာကြီး မခွဲခဲ့ဖူးပါဘူး။ ဆေးရုံမှာ သူရဲ့ ကင်ဆာဖြစ်နေတဲ့ ဆီးအိမ်ကိုဖယ်ထုတ်ပြီး အောင်မြင်စွာ အစားထိုး ကုသနိုင်ခဲ့ပါတယ်။


သူဟာ (၆)နှစ်ကြာ ခံစားနေရတဲ့ ကင်ဆာကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့ပြီဆိုတာကို သမီးလေးကို အသိမပေးသေးဘဲ အိမ်ရောက်မှ သမီးလေးဝမ်းသာအောင် အသိပေးခဲ့တာဖြစ်ပါတယ်။ ကလေးမလေးကလည်း ပျော်ရွှင်စွာပဲ ဖခင်ကို ဖက်ပြီး ငိုပါတော့တယ်။ သူမ အချစ်ဆုံးဖခင်ကို အသက်ဆက်ရှည်မှာကို မြင်ယောင်နေလို့ပါ။


နတ်သူကြီး