ဆေးမကုနိုင်လို့ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရရှာတဲ့ (၅)နှစ်အရွယ် သနားစရာကလေး

2019-10-08 18:41:14


ဆေးမကုနိုင်လို့ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရရှာတဲ့ (၅)နှစ်အရွယ် သနားစရာကလေး

ဆေးမကုနိုင်လို့ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရရှာတဲ့ (၅)နှစ်အရွယ် သနားစရာကလေး..


၅ နှစ်အရွယ် ကလေးငယ်တစ်ဦးမှ ဝမ်းဗိုက်မှ အလုံးကြီးသည်တစ်ရက် တစ်ခြားကြီးလာကာ ကျောက်ကပ်ရောဂါ ခံစားနေရသဖြင့် ဆေးကုသမှုခံယူရန် အတွက် အကူအညီများလိုအပ်လျှက်ရှိ


ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့ နယ် ၆ ရပ်ကွက်မှ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးမှ ဝမ်းဗိုက်မှ အလုံးကြီးသည်တစ်ရက် တစ်ခြားကြီးလာကာ ကျောက်ကပ်ရောဂါ ခံစားနေရသဖြင့် ဆေးကုသမှုခံယူရန် အတွက် အကူအညီများလိုအပ်လျှက်ရှိ ကြောင်းကလေး၏ မိဘများထံမှ သိရသည်။


ကလေးငယ်မှာ ဦးနေလင်းအောင်နှင့် ဒေါ်သွယ်သွယ်တို့၏ သမီးဖြစ်ပြီး ရောဂါ ဒဏ်ကြောင့် ကလေး၏ ဗိုက်မှအလုံးကြီးသည် တစ်ရက် တစ်ခြားပိုမိုကြီးလာ သလို ဆီအရောင်မှလည်း အဖြူရောင် တွေဖြစ်နေ ကြောင်းသိရသည်။


”ဆေးကုသမှုခံယူဖို့ ငွေကြေးမတတ်နိုင် တာပါ ဒါ့ကြောင့်ကလေးက ရောဂါရဲ့ဒဏ်ကို တစ်ရက်တစ်ခြားခံနေ ရပါတယ် အခုတော့ မအိပ်နိုင်တဲ့ အခြေ အနေဖြစ်လာပါတယ် ရေရှည်ဆေးကုသ မှုခံယူဖို့အတွက်မပြောနဲ့ ဆေးခန်းပြဖို့ တောင်ခက်ခဲနေပါတယ် မနေ့ကတော့ ဒေသက အလှူရှင်တစ်ယောက်က အကူအညီပေးလို့ဆေးရုံကို သွားပါတယ် သွေးနှစ်လုံးသွင်းထားရပါတယ် ကျွန်တော်တို့က တစ်ရက်လုပ် တစ်ရက် စားသမားတွေပါ”ဟု ကလေးငယ်၏ ဖခင် ဦးနေလင်းအောင်ကပြောသည်။


အဆိုပါ ကလေးငယ်၏ မိဘများမှ တစ်ရက်လုပ် တစ်ရက်စားသမားများဖြစ် ပြီး လက်ရှိတွင် ညောင်တုန်းဒေသခံ တစ်ဦး၏ အကူအညီဖြင့် ညောင်တုန်းဆေးရုံကို တစ်ကြိမ်သာ ပြသဖူးထားကြောင်း မိဘများနှင့် ကူညီပေးနေသူထံမှသိရသည်။


”ဟုတ်ပါတယ် မနေ့က သွေး ၂ ပုလင်း သွင်းထားရပါတယ် ဆေးရုံကိုလည်း ကားနဲ့ပို့ပေးခဲ့ပါတယ် ဆေးဖိုး ဝါးခလည်း ကူညီပေးခဲ့ပါတယ် ကလေးကဖြစ်နေ တာကြာပါပြီ ငွေကြေးမတတ်နိုင်တော့ ကြိတ်ခံနေရတာပါ အဓိက လိုအပ်တာ ကတော့ ငွေကြေးပေါ့ဗျ ရေရှည် ကုသမှုခံယူရမယ့် အခြေအနေ ဖြစ်ပါတယ်”ဟု ၎င်းကလေးငယ်အား ကူညီပေးနေသူ တစ်ဦးကပြောသည်။


အဆိုပါကလေးကယ်ကို ဆေးကုသရန် အတွက် ငွေကြေးမတတ်နိုင်သဖြင့် ရောဂါခံစားနေရသည်မှာ တစ်နှစ်ခန့် လောက်အထိရှိနေပြီး ကျန်ခဲ့သည့် လမှစ၍ရောဂါပိုမိုအခြေအနေဆိုး လာကြောင်းသိရသည်။


ဦးနေလင်းအာင်နှင့် ဒေါ်သွယ်သွယ်တို့ တွင်ကလေး စုစုပေါင်း ၃ ယောက်ရှိပြီး တတိယမြောက်သမီး မရွှန်လဲ့အောင်ဖြစ် ဖြစ်ကြောင်း သိရသည်။


ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)