တရုတ်နိုင်ငံက ပိုလာဝက်ဝံကြီးတွေလောက်ရှိတဲ့ ဧရာမဝက်မွေးမြူရေးလုပ်ငန်းများ

2019-10-08 18:40:46


တရုတ်နိုင်ငံက ပိုလာဝက်ဝံကြီးတွေလောက်ရှိတဲ့ ဧရာမဝက်မွေးမြူရေးလုပ်ငန်းများ

တရုတ်နိုင်ငံက ပိုလာဝက်ဝံကြီးတွေလောက်ရှိတဲ့ ဧရာမဝက်မွေးမြူရေးလုပ်ငန်းများ


တရုတ်နိုင်ငံမှာ ဝက်သားလျာထားချက် ပြည့်မီစေဖို့အတွက် ပိုလာဝက်ဝံလောက်ရှိတဲ့ ဝက်ကြီးတွေ မွေးမြူနေကြောင်း သိရပါတယ်။ အာဖရိကဘက်ကနေ အစပြုလိုက်တဲ့ Swine Flu လို့ခေါ်တဲ့ ဝက်တုပ်ကွေးက သူတို့နိုင်ငံအတွင်းမှာလည်း ပျံ့နှံ့နေတာကြောင့် ဝက်သားပြတ်တောက်မှာကို ပူပန်နေကြပါတယ်။


ဒါပေမယ့် တရုတ်စီးပွားဖြစ် ဝက်မွေးမြူရေးလုပ်ငန်းတွေက ပိုလာဝက်ဝံရဲ့အရွယ်အစားလောက်ရှိတဲ့ ဝက်ကြီးတွေ အောင်မြင်စွာ မွေးမြူနိုင်နေပြီမို့ ဝက်သားရှားပါးပြတ်တောက်မှာကို စိုးရိမ်ဖို့မလိုဘူးလို့ ဆိုပါတယ်။ ၎င်းတို့ မွေးမြူထားတဲ့ ဝက်တွေထဲက ဧရာမဝက်ကြီးတစ်ကောင်ဟာ-


အလေးချိန်အားဖြင့် (၇၈)စတုံ၊ သို့မဟုတ် (၅၀၀)ကီလိုဂရမ်၊ သို့မဟုတ် (၁၁၀၂)ပေါင်အထိ ရှိပါတယ်။ ဒီဝက်ကြီးကတော့ ဂေါင်ဇီစီရင်စုမြို့တော်၊ နန်နင်းမြို့က စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းမှာ ရှိနေပါတယ်။ ဒီဝက်ကြီးဟာ ပိုင်ရှင်  Pang Cong ရဲ့ ဝက်တွေထဲက တစ်ကောင်ပါ။


ဧရာမဝက်ကြီးတွေဟာ အခုအခါမှာ အဝယ်အလွန်လိုက်နေပြီး ယမန်နှစ်ကထက် ဝက်သားစျေးနှုန်း (၇၀)%အထိ တက်လာခဲ့ပါတယ်။ ပေါင် (၁၁၀၀)လောက်ထိရှိတဲ့ ဝက်တစ်ကောင်ဟာ တရုတ်ယွမ် (၁)သောင်းအထိ ပေါက်စျေးရှိပြီး မြန်မာငွေနဲ့ဆိုရင် (၂၁)သိန်းလောက်အထိ စျေးရှိနေကြောင်း သိရပါတယ်။


နတ်သူကြီး