မြောင်းတူးဖော်ရာမှ တွေ့ရှိသည့် ဘုရားဆင်းတုတော်များကြောင့် ရေသွယ်မြောင်းမှ ရေကို သောက်ခြင်းဖြင့် ရောဂါပျောက်တယ်ဟုဆို

2019-10-08 18:40:08


မြောင်းတူးဖော်ရာမှ တွေ့ရှိသည့် ဘုရားဆင်းတုတော်များကြောင့် ရေသွယ်မြောင်းမှ ရေကို သောက်ခြင်းဖြင့် ရောဂါပျောက်တယ်ဟုဆို

မြောင်းတူးဖော်ရာမှ တွေ့ရှိသည့် ဘုရားဆင်းတုတော်များကြောင့် ရေသွယ်မြောင်းမှ ရေကို သောက်ခြင်းဖြင့် ရောဂါပျောက်တယ်ဟုဆို


မြောင်းတူးဖော်ရာမှ တွေ့ရှိသည့် ဘုရားဆင်းတုတော်များကို ပူဇော်ထားရှိပြီး တွေ့ရှိသည့် ရေသွယ်မြောင်းမှ ရေကို သောက်ခြင်းဖြင့် ရောဂါပျောက်တယ်ဟုဆို


ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကြခတ်ကျေး ရွာတွင် ရေသွယ်မြောင်းတူးဖော်ရာမှ တွေ့ရှိသည့် ဘုရားဆင်းတုတော်များကို ပူဇော်ထားရှိပြီး ဘုရားဆင်းတုတော်များ တွေ့ရှိသည့် ရေသွယ်မြောင်းမှ ရေကို ရောဂါပျောက်ကင်းတယ်ဟုဆိုကာ ယုံကြည်ပြီး ခပ်ယူကာ သောက်ခြင်း လိမ်းခြင်းတို့လုပ်နေကြကြောင်း သိရသည်။


“လယ်ပိုင်ရှင် ဦးသန်းရွှေရဲ့လယ်ကို ရေသွယ်မြောင်းတူးရင်း လယ်ကွင်းထဲကနေ ဘုရားစေတီတွေတူးဖော်တွေ့ရှိတာနဲ့ ကျေးရွာမှအုပ်ချုပ်ရေးအဖွဲ့အစည်းတွေကတစ်ဆင့် ဌာနဆိုင်ရာတွေဆီတင်ပြပြီး ယာယီကျောင်းဆောင် ဆောက်လုပ်ပြီး အပူဇော်ခံထားပါတယ် တစ်ရက်တစ်ရက်နဲ့လူသိများလာပြီး ဘုရားဖူးသူတွေက ဘုရားဆင်းတုတော်တွေတွေ့တဲ့ ရေသွယ်မြောင်းထဲကရေတွေကို အနာရောဂါ ကင်းရှင်းတယ်ဆိုပြီး ရေသန့်ဗူးကြီး ဗူးငယ်တွေနဲ့ ခပ်ယူပြီး သောက်တာတို့ လိမ်းတာတို့လုပ်နေပါတယ်”ဟု ဂေါပကအဖွဲ့ဝင် ဦးမြင့်ဆွေကပြော သည်။


အဆိုပါ ဆင်းတုတော်များကို ကျေးရွာရှိ မြေအငှားတူးသူ ကိုလှိုင်ဆိုသူက တူးဖော်တွေ့ရှိခြင်းဖြစ်ပြီး ဘုရားဆင်းတုတော်(၁၁)ဆူနှင့် ရှေးဟောင်းအုတ်(၃)ချပ်ခန့် တူးဖော်ရရှိခဲ့ကြောင်းသိရသည်။


”စတွေ့တဲ့နေ့တုန်းကဆို တိုးမပေါက်အောင် ပါပဲ ဒေသမှာ ဒီလောက်ထူးခြားတာ တစ်ခါမှမကြုံဖူးပါဘူး ဘုရားဆင်းတု တော်တွေတွေ့ရှိတဲ့ ရေမြောင်းမှာလည်း ရေစိမ့်ထွက်နေလို့ ဘေးအန္တရာယ် ်အပေါင်းမှ ကင်းဝေးပြီး ကောင်းခြင်း နိမိတ်တွေရမည်ဟု ယူဆပြီးတော့ ဗူး ပုလင်းတွေနဲ့ ထည့်ယူလာပါတယ်” ဟု ကျိုက်လတ်မြို့မှ ဘုရားလာဖူးသူ ဒေါ်ဌေးဌေးကပြောသည်။


ဆင်းတုတော်များကို ကား၊ဆိုင်ကယ်ဖြင့် စုပေါင်း၍ လာရောက်ဖူးမျှော်နေပြီး မော်လမြိုင်ကျွန်းအပြင် ရန်ကုန်၊ ပုသိမ်၊ မြောင်းမြ၊ညောင်တုန်း၊ ကျိုက်လတ်၊ မအူပင်၊ဘိုကလေး၊ဝါးခယ်မ၊ပန်းတနော်၊ တွံတေး၊စသည့် ဒေသများမှပါလာ ရောက်ဖူးမျှော်နေကြကြောင်း သိရသည်။


သတင်း တာဝန်ခံ – အောင်ကျော်ကျော် #AlinnMyay(အလင်းမြေ)