ရွှေဆိုင်တွေရဲ့ နှစ်ကျပ်ကွက်ဂျင်းတွေကြောင့် ရွှေဝယ်ယူသူတွေ နစ်နာမှုတွေရှိနေ


ရွှေဆိုင်တွေရဲ့ နှစ်ကျပ်ကွက်ဂျင်းတွေကြောင့် ရွှေဝယ်ယူသူတွေ နစ်နာမှုတွေရှိနေ

ရွှေဆိုင်တွေရဲ့ နှစ်ကျပ်ကွက်ဂျင်းတွေကြောင့် ရွှေဝယ်ယူသူတွေ နစ်နာမှုတွေရှိနေ


ယနေ့ နိုဝင်ဘာ ၃၀ ၊ ၂၀၂၂ ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အမေရိကန် ဒေါ်လာ ငွေလဲနှုန်းသည် တစ်ဒေါ်လာ 2875-2895 ကျပ် ဖြစ်သည်။ (တစ်ဒေါ်လာ 2900 ကျပ်အောက်မှာပင် ရှိနေသည်)




ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 2100 (± 3) ဖြစ်သည်။


အခြားငွေကြေးလဲလှယ်သည့်နှုန်းများမှာ


ယူရိုဒေါ်လာ 2900-2950 ကျပ် ဝန်းကျင်၊


စင်ကာပူ ဒေါ်လာ 2050-2100 ကျပ်၊


အိန္ဒိယရူပီး 30-33 ကျပ် ၊


မလေးရှား ရင်းဂစ် 620-645 ကျပ်၊


ထိုင်း ဘတ် 80-81 ကျပ်၊


ဂျပန် ယန်း 19-21 ကျပ်၊


တရုတ် ယွမ် 395-415 ကျပ်တို့ ဖြစ်သည်။


(ဖော်ပြပါငွေလဲနှုန်းများသည် နေရာနှင့်အချိန်အလိုက် ကွာဟနိုင်ပါသည်)


ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီမီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 2663000-2668000 ကျပ် ရှိနေပြီး ယမန်နေ့ အပိတ်ဈေးမှာ


2655000-2660000 ကျပ် ဖြစ်သည်။


ယနေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေးမှာ 2065000 ကျပ် ဖြစ်ပြီး


ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 1753 ဒေါ်လာ ဖြစ်သည်။


ယခု.. စုစည်းတင်ပြထားသော ရွှေဈေး ၊ နိုင်ငံခြားငွေလဲနှုန်းများသည် နေ့လယ်ပိုင်းဈေးများ ဖြစ်ပြီး အပြောင်းအလဲများစွာ ရှိလာပါက ညနေပိုင်းတွင် ဆက်လက် ဖော်ပြပေးပါမည်။


ရွှေဆိုင်တွေရဲ့ နှစ်ကျပ်ကွက်ဂျင်းတွေကြောင့် ရွှေဝယ်ယူသူတွေ နစ်နာမှုတွေရှိနေ




ပြည်တွင်း ရွှေဈေးကွက်မတည်ငြိမ်ချိန်ရွှေဆိုင်တွေကဘောင်ချာမှာဖွင့်ပေးတဲ့ရွှေဈေး၊အလျော့တွက်လက်ခနဲ့ရောင်းတော့တစ်မျိုး ဝယ်တော့တစ်မျိုးနဲ့ အပြင်မှာစကားအရသဘောတူဝယ်ယူခဲ့တဲ့ဈေးတွေကကွာဟနေတာကြောင့်ရွှေဝယ်ယူသူတွေနစ်နာမှုရှိခဲ့တယ်လို့သိရပါတယ်။


ကျပ်ငွေတန်ဖိုးကျလာလို့ရွှေဝယ်ယူသူတွေများလာတဲ့အခါ နာမည်ကြီးရွှေဆိုင်တွေကိုရွေးချယ်ဝယ်ယူခဲ့ကြပေမယ့် ဆိုင်တွေရဲ့မသမာမှုတွေကြောင့်ရွှေဝယ်ယူသူတွေနစ်နာမှုရှိခဲ့ကြတယ်လို့ ဆိုပါတယ်။


ရွှေဆိုင်နဲ့သဘောတူဝယ်ယူခဲ့တဲ့ဈေးနဲ့အမှန်တကယ်ပြန်ရောင်းချိန်မှာရရှိတဲ့ဈေးက ကွာဟတဲ့အတွက်ကြောင့် ကျပ်သိန်း ၂၀ ကျော်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ရွှေဝယ်ယူသူတစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုကို ယခုလိုပြောပြထားပါတယ်။


ရွှေဝယ်ယူသူတစ်ဦးက “အောက်တိုဘာ ၂၂ ရက်နေ့ မြန်မာငွေရှုပ်ရှုပ်ဖြစ်နေတဲ့ချိန် ၁၅ ပဲရည် ရွှေဈေး(၂၄၄၇၀၅၉)ကျပ်နဲ့လုပ်တာဘောင်ချာဖွင့်ပြီးအလျော့တွက်ကို ၅ပဲနဲ့ဆိုတော့ဝန်ထမ်းကိုမေးတဲ့အခါ ရွှေဈေးအတက်အကျမြန်လို့ ဘောင်ချာထဲ အလျော့အတွက် ၅ပဲဖြတ်ပေးထားပါ။ ပြန်လာရောင်းရင် ၄ ပဲ ၄ရွေး ထပ်ပေါင်းပေးပါမယ်ပြောတယ်။




၂၃ ရက်နေ့မှာ ပြန်ရောင်းတော့အလျော့အတွက်မပေါင်းပေးဘူး မနေ့ကဝယ်တာချက်ချင်းပြန်ရောင်းမှာ ပေါင်းပေးတာဆိုပြီးပြောတယ်။ဘယ်လောက်ရှုံးမှာလဲဆိုတော့ သိန်း ၃၀ ကျော်ဆိုတော့ မရောင်းဘဲပြန်သွားခဲ့တယ်။


အမှန်တကယ်က တခြားရွှေဆိုင်တွေမှာ သွားရောင်းဖို့ပြမှ ပုံမှန်အလျော့အတွက်က ၁ ပဲကျော်လေးပဲရှိတာ။ ဘယ်လောက်ရရအရှုံးခံသွားရောင်းမယ်ဆိုတော့ ရွှေဈေး (၂၅၀၁၅၀၀)ကျပ်မှာ မြတ်ရမှာတောင် လက်ကောက် ၄ ကွင်းကိုတစ်ကွင်းကို ၁ ပဲပေါင်းပေးလို့ ၂၂ သိန်းကျော်ရှုံးသွားပါတယ်။


အဲ့လိုလှည့်ကွက်တွေခံရသူနည်းမှာမဟုတ်ဘူး ဆိုင်တွေကအခုတမျိုးနောက်တမျိုးပြောဆို လုပ်ဆောင်နေတာ ငြိမ်မခံနိုင်လို့ပါ”ဆိုပြီး ရွှေဝယ်ယူသူတစ်ဦးက နာမည်ကြီးရွှေဆိုင်တစ်ဆိုင်မှာရွှေဝယ်ယူခဲ့တဲ့ဖြစ်စဉ်ကို မျှဝေအသိထားပါတယ်။


ရန်ကုန်ရွှေဈေးကွက်မှာအခေါက်ရွှေတစ်ကျပ်သားကို ၂၅၃၀၀၀၀ ကျပ်နဲ့ရောင်းချဖို့ထုတ်ပြန်ထားပေမယ့် ရွှေဈေးက ကျပ် ၂၆ သိန်းအထက်မှာရှိနေဆဲဖြစ်ပြီး ထုတ်ပြန်ထားတဲ့ဈေးနဲ့ ရောင်းချတဲ့ဆိုင်တွေရဲ့ အလျော့တွက်လက်ခကိုတွက်ကြည့်ရင်လည်း ၂၆ သိန်းမှ ၂၇ သိန်းဝန်းကျင်ကြားမှာပဲရှိနေတာဖြစ်တယ်လို့ ရွှေဈေးကွက်မှသိရပါတယ်။