သူမရဲ့ ချစ်လှစွာသော ဖခင်ကြီးအတွက် Surprise မွေးနေ့ပွဲလေး ပြုလုပ် ပေးခဲ့တဲ့ စစ်လွန်းဝတီထက်


သူမရဲ့ ချစ်လှစွာသော ဖခင်ကြီးအတွက် Surprise မွေးနေ့ပွဲလေး ပြုလုပ် ပေးခဲ့တဲ့ စစ်လွန်းဝတီထက်

ပရိသတ်ကြီးရေ စစ်လွန်းဝတီထက်ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး ထက်ထက်မိုးဦးရဲ့ သမီးပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်လွန်းဝတီထက်က သူ့ရဲ့ဖခင်ဖြစ်သူနဲ့ အတူတူနေထိုင်နေခဲ့ပါတယ်။




စစ်လွန်းလေးကတော့ အခုဆိုရင် တော် တော်လေးကိုလည်း အရွယ်ရောက်လာပြီး အပျိုပေါက်လေးတစ်ယောက်တောင်ဖြစ်ကာ ဖခင်အပေါ်လည်းသိ တတ်လိမ္မာလွန်းလှပါတယ်။မနေ့ကလည်း စစ်လွန်းလေးကတော့ ဖခင်ဖြစ်သူရဲ့ မွေးနေ့အတွက် Surprise မွေးနေ့ပွဲလေးပြုလုပ်ပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာ မျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။




ဖခင်ဖြစ်သူရဲ့ မွေးနေ့ကတော့ ပြီးခဲ့တဲ့ (၂၂)ရက်နေ့ကကျရောက်ခဲ့တာဖြစ်ပေမဲ့ စစ်လွန်းလေးကတော့ ဖခင်ကြီး ခရီသွားနေတာကြောင့် ခရီးကပြန်ရောက်ရောက်ခြင်းမှာ အခုလိုစီစဉ်ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်တဲ့။ပရိသတ်ကြီးရေ စစ်လွန်းလေးကတော့ တကယ်ကို လိမ္မာတဲ့ သမီးလေးပါပဲနော်။






Source – Sis Loon Wati Htet

Credit – CeleZone


>