မင်းအောင်လှိုင်ကို ဘုရားဒကာကြီးလို့ခေါ်ခဲ့တဲ့ သတင်းထောက် ဝင်းဦး ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ နာမ်စားသုံးမိလို့ အဖမ်းခံရ


မင်းအောင်လှိုင်ကို ဘုရားဒကာကြီးလို့ခေါ်ခဲ့တဲ့ သတင်းထောက် ဝင်းဦး ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ နာမ်စားသုံးမိလို့ အဖမ်းခံရ

ဇော်မဲလုံးတို့ စိတ်ဓါတ်ပဲ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် သွားမယ်အမြဲပြောတယ် အမေစုလို့ ခေါ်မိတာနဲ့သူ့လူအချင်းချင်းတောင် မညှ-ာဘူး ဖ-မ်းတာပဲ


စစ်ကောင်စီကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ကိုဘုရားဒကာကြီးလို့ခေါ်ခဲ့ဖူးတဲ့ သတင်းထောက်ကိုဝင်းဦးဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမေစု လို့နာမ်စားသုံးမိလို့ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။


နိုဝင်ဘာ ၁၈ရက်နေ့ က ပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့ MHT News က သတင်းထောက် ကိုဝင်းဦး ဟာ ဒေါ်အောင်ဆန်းစုကြည့်နဲ့ ဖမ်းဆီးခံထားရတဲ့သတင်းထောက်တွေကိုပြန်လွှတ်ပေးဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုမေးမြန်းခဲ့ရာမှာ “အမေစု “လို့ နာမ်စားသုံးနှုန်းမိလို့ အခုလိုအဖမ်းခံရတာလို့ နေပြည်တော် သတင်းအသိုင်းကသိရပါတယ်။


ကိုဝင်းဦး ကိုသတင်းစာရှင်းလင်းပွဲအပြီးမှာ စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ပြီး အခုလက်ရှိသူ့ကို ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာတော့မသိရသေးပါဘူး။


စစ်တပ်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို “အမေစု “လို့ သုံးနှုန်းပြီး လွှတ်ပေးဖို့တောင်းဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်မီဒီယာက သတင်းထောက်ကိုဝင်းဦးအဖမ်းခံရ


နေပြည်တော်မှာ နိုဝင်ဘာ ၁၈ရက်နေ့ က စစ်ကောင်စီကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့ MHT News က သတင်းထောက်ဆိုသူ ကိုဝင်းဦးက ဒေါ်အောင်ဆန်းစုကြည့်နဲ့ ဖမ်းဆီးခံထားရတဲ့သတင်းထောက်တွေကိုပြန်လွှတ်ပေးဖို စစ်ကောင်စီပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းကိုမေးမြန်းခဲ့ပါတယ်။


မေးခွန်း မေးမြန်ချိန်မှာ ကိုဝင်းဦး က ဒေါ်အောင်ဆန်းစုကြည်ကို “အမေစု” လို သုံးနှုန်းခဲ့ပြီ မေးမြန်ခဲ့ပါတယ်။ထိုသတင်းစာရှင်းလင်းပွဲအပြီးမှာ ကိုဝင်းဦးကို စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို “အမေစု”လို သုံးနှုံးတာကြောင့်ဖမ်းဆီးသွားတယ်လို့ AAMIJက စုံစမ်းသိရှိရပါတယ်။


အဲ့ဒီသတင်းစာရှင်းလင်ပွဲမှာလဲ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ကိုဝင်းဦးကို အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်နဲ့ တွေ့တဲ့အခါမေးကြည့်ရန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တောင်းဆိုတာကိုတော့ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။


လက်ရှိအချိန်အထိ ကိုဝင်းဦးကို ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကို မသိရှိရသေးကြောင်း ကိုဝင်းဦးနဲ့ နီးစပ်တဲ့သူတွေက AAMIJကိုပြောပါတယ်။