(၁၂)လွှာကနေ ပြုတ်ကျလာတဲ့ ခေါင်းပြတ်ကြီးကြောင့် ဒေသခံများ ထိတ်လန့်ခဲ့ရ

2019-10-08 18:27:52


(၁၂)လွှာကနေ ပြုတ်ကျလာတဲ့ ခေါင်းပြတ်ကြီးကြောင့် ဒေသခံများ ထိတ်လန့်ခဲ့ရ

(၁၂)လွှာကနေ ပြုတ်ကျလာတဲ့ ခေါင်းပြတ်ကြီးကြောင့် ဒေသခံများ ထိတ်လန့်ခဲ့ရ


ရုရှားနိုင်ငံ။ ဆိုက်ဘေးရီးယားအရှေ့ပိုင်း၊ ချီတာမြို့၊ Bogomyagkova လမ်းက လူနေအဆောက်ဦတစ်ခုမှာ လူသတ်မှုဖြစ်ပွားခဲ့ရာ၊ ဒေသခံတွေ အတော်လေး ကြောက်ရွံ့ထိတ်လန့်ခဲ့ရတယ်လို့ သိရပါတယ်။ (၁၂)လွှာကနေ သွေးသံရဲရဲနဲ့ ခေါင်းပြတ်ကြီး ပြုတ်ကျလာခဲ့တာပါ။


ဒီအကြောင်းကို Metro သတင်းမှာ ဖော်ပြထားပြီး၊ အသတ်ခံရသူမှာ Elizaveta လို့ အမည်ရပါတယ်။ သူမဟာ (၁၉)နှစ်သာရှိသေးပြီး၊ အဖော်အချွတ်ကလပ်တစ်ခုဖြစ်တဲ့ Zazhigalka မှာ အကမယ်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုသူပါ။ သူမကို သတ်သူဟာ အခန်းတံခါးလော့ချခဲ့ပါတယ်။


လူသတ်သမားဟာ Elizaveta ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး၊ ခေါင်းပြတ်ကို အခန်းပြူတင်းဝကနေ လွှင့်ပစ်ခဲ့တာပါ။ ဒီလိုပဲ ခြေလက်တစ်ချို့ကိုလည်း ဖြတ်တောက်ပြီး လွှင့်ပစ်ခဲ့ပါတယ်။ ဒေသခံတွေက ခေါင်းပြတ်ကြီး မြင်မှ ရဲကို အကြောင်းကြားခဲ့တာပါ။


ရဲတွေက အခန်းတံခါးကို ဖျက်ကာ ဝင်ရောက်ခဲ့ရပါတယ်။ အဲဒီနောက် သံသယတရားခံဖြစ်တဲ့ (၃၈)နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။ တရားခံအမျိုးသားက သူမရဲ့ချစ်သူလို့ သတင်းတွေက ဖော်ပြထားပါတယ်။ သူ့ကို ဖမ်းဖို့အတွက် ရဲက သူနေထိုင်ရာ အခန်းကို ဖျက်ပြီးဝင်ရောက်ခဲ့ရလို့ သိရပါတယ်။


နေသူရိန် D Nae Khit Media