အမိုက်စားဆိုင်ကယ်ကြီးပေါ်မှာ အကြမ်းစားဖက်ရှင်လေးနဲ့ ရင်ခုန်သွားရလောက်အောင်လန်းနေတဲ့ ခင်ဘုဏ်း


အမိုက်စားဆိုင်ကယ်ကြီးပေါ်မှာ အကြမ်းစားဖက်ရှင်လေးနဲ့ ရင်ခုန်သွားရလောက်အောင်လန်းနေတဲ့ ခင်ဘုဏ်း

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ချိန်က အဆိုတော်လောကမှာ နာမည်ကြီး လူကြိုက်များခဲ့တဲ့ အဆိုတော်ချောလေး ခင်ဘုဏ်းကိုတော့ ပရိသတ်ကြီး သိကြမယ်ထင်ပါတယ်။


သူမဟာသီချင်းအေးအေးလေးများကို သူမရဲ့အသံအေးအေးလေးနဲ့ အမြဲသီဆိုတတ်သူလေးလည်းဖြစ်ပါတယ်။ဖက်ရှင်ဒီဇိုင်းအလန်းစားတွေနဲ့ သီဆိုဖျော်ဖြေတတ်တာကလည်း ပရိသတ်တွေကြွေနေရတဲ့အဓိကအချက်ပါပဲ ။


သူမရဲ့ပရိသတ်တွေကလည်း ယနေ့တိုင်အားပေးချစ်ခင်နေကြတုန်းပဲဖြစ်ပါတယ်။သီဆိုဖျော်ဖြေမှုတွေ နည်းပါးပေမယ့်လည်း သူမရဲ့နေ့စဉ်လူပ်ရှားမှု အမှတ်တရလေးများကို ချစ်ခင်နှစ်သက်သူများ ကြည့်ရှုနိုင်စေရန် ဖေ့ဘွတ်ပေါ်တွင်ဖော်ပြလေ့ရှိပါတယ်။


လတ်တလောမှာတော့ အမိုက်စားဆိုင်ကယ်ကြီးပေါ်မှာ အကြမ်းစားဖက်ရှင်လေးနဲ့ ကြည့်မိသူတိုင်း ရင်ခုန်သွားရလောက်အောင်လန်းလွန်းနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။


အမြဲဖက်ရှင်အလန်းတွေနဲ့ စမတ်ကျနေတဲ့ ခင်ဘုဏ်းကအခုလည်း အခါခါပြန်ကြည့်ချင်ရလောက်အောင် လန်းနေတာကြောင့် ပရိသတ်တွေကို အချစ်ပိုစေမှာအမှန်ပါပဲ။


ပရိသတ်ကြီးလည်း ခင်ဘုဏ်းရဲ့ အမိုက်စား ပုံရိပ်လေးတွေကို ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။ရှေ့ဆက်ပြီးလည်း ခင်ဘုဏ်းရဲ့ အနုပညာလုပ်ငန်းများကို ဆက်လက်အားပေးလိုက်ပါအုံးနော်။