ဂျပန်ဖိုက်တာ အိုကာမီကို ပထမအချီ ၂ မိနစ်အတွင်းမှာပင် အလဲထိုးအနိုင်ယူနိုင်ခဲ့တဲ့ အောင်လအန်ဆန်း


ဂျပန်ဖိုက်တာ အိုကာမီကို ပထမအချီ ၂ မိနစ်အတွင်းမှာပင် အလဲထိုးအနိုင်ယူနိုင်ခဲ့တဲ့ အောင်လအန်ဆန်း

စင်္ကာပူနိုင်ငံ၌ ယနေ့ကျင်းပသည့် ဝမ်းချန်ပီယံရှစ်၏ One – 163 ပြိုင်ပွဲတွင် မြန်မာတို့၏အချစ်တော် ဖိုက်တာ အောင်လအန်ဆန်းက ဂျပန်ဖိုက်တာ ယူရှင်အိုကာမီကို ပထမအချီ ၂ မိနစ်အတွင်းမှာပင် အလဲထိုးဖြင့် အနိုင်ယူခဲ့ကြောင်း သိရသည်။




ဂျပန်ဖိုက်တာ ယူရှင်အိုကာမီမှာ အောင်လအန်ဆန်းအား ချုပ်ကွက်ဖြင့် ထိုးသတ်ခဲ့သော်လည်း အောင်လက ရုန်းထွက်ခဲ့ပြီး အားပါပြင်းထန်သည့် ဒူးတိုက်ချက်၊ လက်သီးချက်များဖြင့် ဂျပန်ဖိုက်တာကို ပွဲစအပြီး ပထမအချီ ၂ မိနစ်အတွင်းမှာပင် အလဲထိုးအနိုင်ယူခဲ့ခြင်းဖြစ်သည်။