တစ်နေ့မှာတစ်ကြိမ်သာထမင်းစားရပြီး မနက် (၅) နာရီ မထရင် ရေနဲ့ အပက်ခံရတဲ့ အိမ်ဖော်မလေး ဘဝ

2019-10-08 16:38:36


တစ်နေ့မှာတစ်ကြိမ်သာထမင်းစားရပြီး မနက် (၅) နာရီ မထရင် ရေနဲ့ အပက်ခံရတဲ့ အိမ်ဖော်မလေး ဘဝ

တစ်နေ့မှာတစ်ကြိမ်သာထမင်းစားရပြီး မနက် (၅) နာရီ မထရင် ရေနဲ့ အပက်ခံရတဲ့ အိမ်ဖော်မလေး ဘဝ


အခုဖြစ်စဉ်ကတော့ စင်ကာပူနိုင်ငံမှာ အိမ်ဖော်လုပ်ခဲ့တဲ့ အင်ဒိုနီးရှား အမျိုးသမီး ကိုယ်တိုင်က ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန် ဖြစ်စဉ် ဖြစ်ပါတယ်။ သူမရဲ့ နာမည်ဟာ ကက်စတီနာ (Castina) ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာကူနိုင်ငံကို သွားပြီး အိမ်ဖော် လုပ်ခဲ့ပါတယ်။


ဒါပေမဲ့ ကက်စတီနာဟာ အိမ်ရှင်ကြောင့် အလုပ်ကနေ ထွက်ခဲ့ပြီး အိမ်ရှင်က သူမကို ဘယ်လို ဆက်ဆံခဲ့တာလဲ ဆိုတာကို ဗီဒီယိုနဲ့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ကက်စတီနာဟာ သူမရဲ့ အလုပ်ရှင်က သူမကို နှိပ်စက်သမျှ အကြောင်းကို ဗီဒီယိုနဲ့ မှတ်တမ်း ရိုက်ကူးခဲ့ပြီး အရင်အပတ် သောကြနေ့က လိုင်းပေါ် တင်ခဲ့ပါတယ်။


ဗီဒီယိုထဲမှာ ငိုလျက် သူမ ပြောခဲ့တာက (၁) နေ့မှာ (၁) ကြိမ်ပဲ ထမင်းစားရပြီး ထပ်စားရင် အဆူခံရတယ်လို့ ပြောပါတယ်။ သူရဲ့ အိမ်ရှင်က အမျိုးသား ဖြစ်ပြီး မနက် (၅) နာရီ မထရင် ရေနဲ့ မပက်ခံရတယ်လို့ WorldofBuzz သတင်းက ဖော်ပြသွားခဲ့ပါတယ်။


ကက်စတီနာက သူ့ရဲ့ အလုပ်ရှင်ဟာ အင်ဒိုနီးရှားနိုင်ငံက သူ့ရဲ့မိသားစုနဲ့ အဆက်အသွယ် မလုပ်ခိုင်းဘူးလို့ မျက်ရည်နဲ့ ပြောခဲ့ပါတယ်။ သူဟာ အိမ်ဖော်အဖြစ် အလုပ်စဆင်းရတဲ့ အချိန်ကတည်းက အခန်းတစ်ခန်းမှာ ထိန်းချုပ်ခံရပြီး သူ့ကို CCTV နဲ့ စောင့်ကြည့်နေခဲ့ပါတယ်။


သူက အလုပ်ရှင်ကို အလုပ်ထွက်မယ်လို့ ပြောတဲ့ အချိန်တိုင်း အလုပ်ရှင်က သူ့ကို အလုပ်မထွက်နိုင်အောင် ခြိမ်းခြောက်လေ့ရှိတယ်လို့ သိရပါတယ်။အိမ်ဖော် ကက်စတီနာ ပြောသမျှကို မှတ်တမ်းတင် ရိုက်ကူးပေးခဲ့တဲ့ သူက တရားရုံကို တိုင်ကြားခဲ့ပါတယ်။


ဒါပေမဲ့လည်း လက်ရှိ အချိန်အထိတော့ အိမ်ရှင်ကို အရေးယူမလား၊ မယူးဘူးလား ဆိုတာ မသိရသေးတာ ဖြစ်ပါတယ်။ သူမရဲ့ ဗီဒီယိုကို လိုင်းပေါ်ကို တင်တဲ့ အချိန်မှာ လူကြည့်များ ခဲ့ပြီး Share တဲ့ သူ (၇) ထောင် အထက် ကျော်သွားခဲ့ပါတယ်။ လက်ရှိမှာ သူမကို တရားမျှတမှု ရရှိဖို့ ကူညီပေးလျက် ရှိကြပါတယ်။


Ko Khant ( D Nae Khit Media )