နှုတ်ဆက်ပါတယ် စီရော်နယ်ဒို… စီရော်နယ်ဒိုကို အရေးယူမယ်ဆိုတဲ့ ယူနိုက်တက်ရဲ့ ကြေညာချက်ထွက်လာ


နှုတ်ဆက်ပါတယ် စီရော်နယ်ဒို… စီရော်နယ်ဒိုကို အရေးယူမယ်ဆိုတဲ့ ယူနိုက်တက်ရဲ့ ကြေညာချက်ထွက်လာ

နှုတ်ဆက်ပါတယ် စီရော်နယ်ဒို…စီရော်နယ်ဒိုကို အရေးယူမယ်ဆိုတဲ့ ယူနိုက်တက်ရဲ့ ပထမဆုံး ကြေညာချက်ထွက်လာ


ရော်နယ်လ်ဒိုဟာ အသင်းနဲ့ သဘောတူညီမှုယူထားတဲ့ စာချုပ်ပါ အချက်အလက်တွေ ဖောက်ဖျောက်မှုကြောင့်


မန်ချက်စတာယူနိုက်တက်အသင်းက ချက်ချင်း စာချုပ်ဖျက်သိမ်းသွားမယ်လို့ သတင်းထွက်လာပါတယ်။


အသင်းဘက်က စာချုပ်ဖျက်သိမ်းခဲ့ရာမှာ ရော်နယ်လ်ဒိုအနေနဲ့ သူရဲ့ လုပ်ခလစာ ပေါင်(၁၆)သန်းကိုပါ ဆုံးရှုံးသွားနိုင်တယ်လို့လည်း သိရပါတယ်။


ဒီကိစ္စရပ်ကို ဂလေဇာ ၊ ရစ်ချတ်အာနိုး ၊ ဂျွန်မားတပ်ဖ်နဲ့ အဲရစ်တန်ဟက်ဂ်တို့က ပူးပေါင်း ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ဖော်ပြနေကြပါတယ်။


စီရော်နယ်ဒိုရဲ့အင်တာဗျူး ပထမပိုင်းထွက်လာပြီးကတည်းက ယူနိုက်တက်ပရိသတ်တွေနဲ့ သူ့ရဲ့အမာခံပရိသတ်တွေဟာ


ယူနိုက်တက်ကနေ သူ့ကို အနှေးနဲ့အမြန် ထုတ်ပယ်ခံရတော့မယ်ဆိုတာ သိနေခဲ့ကြပါပြီ။


အင်တာဗျူးမှာ နည်းပြဖြစ်တဲ့ တန်ဟက်နဲ့ ဂလေဇာတို့ကို ဒဲ့ဖြည်ခဲ့တာတွေကြောင့် ရော်နယ်ဒိုကို


အသင်းမှာ ဆက်ထားလို့မရနိုင်တော့ဘူးဆိုတာ သဘောပေါက်ကြမှာပါ။


သောကြာနေ့ မနက်ပိုင်းမှာ ယူနိုက်တက်က ဒီအင်တာဗျူးအတွက် အရေးယူဖို့ စီစဉ်နေပြီး သင့်တော် တဲ့ လုပ်ဆောင်မှုမျိုးတွေ လုပ်သွားမယ်လို့


တရားဝင် ထုတ်ပြန် ခဲ့ပြီးနောက် အခုလို ပူးပေါင်းဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။


“မကြာသေးခင်က သတင်းမီဒီယာ တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ စီ ရော်နယ်ဒိုရဲ့ အင်တာဗျူးနဲ့ ပတ်သက်ပြီး


ယူူနိုက်တက်ဟာ သင့်တော်တဲ့ ကနဦး အရေးယူမှုတွေကို ဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။


တိကျ သေချာတဲ့ ဆုံးဖြတ်ချက်မျိုးတွေ မရသည့်တိုင်အောင် ယူူနိုက်တက်အသင်းအနေနဲ့ နောက်ထပ် ကြေညာချက်တွေ ထပ်ပြီး ထုတ်ပြန်မှာမဟုတ်ပါဘူး”လို့




ယူနိုက်တက်က ပထမဆုံး ကြေညာချက်ထုတ်ပြန်ခဲ့သလို အသင်းရဲ့အတွင်းရေးတွေကို သတင်းမီဒီယာတစ်ခုကနေ


ဖော်ထုတ်ချလိုက်တဲ့အပေါ်မှာ စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်မှု ရှိ၊ မရှိဆိုတာ နဲ့ ပတ်သက်ပြီး


မန်ချက်စတာအသင်းက ဥပဒေရေးရာ ပညာရှင်တွေနဲ့ တိုင်ပင်ခဲ့တယ်လို့ Dail Mail သတင်းစာက ရေးသားဖော်ပြထားပါတယ်။




ရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းသွားခဲ့တာနဲ့ ပတ်သက်လို့လည်း ယူနိုက်တက် အကြီးအကဲတွေဟာ


သူ့ရဲ့ မိနစ် ၉၀ ကြာ အင်တာဗျူး အစီအစဉ်ကို အပြီးသတ် ထုတ်လွှင့်ပြီးဆုံးချိန်အထိ စောင့်ဆိုင်ခဲ့တာဖြစ်ပြီး


အကြောင်းအရာတွေကို စုံစုံလင်လင်သိပြီးတဲ့နောက်မှ ဆုံးဖြတ်ချက်ချပြီး အရေးယူလိုက်တာဖြစ်တယ်လို့ သိရပါတယ်။