အမေရိကန်ဗဟိုဘဏ်ကဗုဒ္ဓဟူးနေ့(နိုဝင်ဘာ 2)တွင်နောက်ထပ်အတိုးနှုန်းခပ်များများတိုးမြှင့်ပေးခဲ့ပြီးအရှိန် ကောင်းနေသည့် ငွေကြေး ဖောင်းပွမှုကိုအတိုးနှုန်းဖြင့်ဖိချဖို့ အလေးချိန်ထပ်တိုးလိုက်ပါသည်။
Federal Reserve ရဲ့ယခုနှစ်အတွင်းပြင်းထန်သောအတိုးနှုန်းမြှင့်တင်ခြင်းများသည်ဈေးနှုန်းများအပေါ်သိသိသာသာသက်ရောက်မှုမရှိခဲ့ပေ။ စီးပွားရေးကျဆင်းမှုဖြစ်မည်ကို စိုးရိမ်ခြင်းများသာ တိုးလာခဲ့ပါသည်။
အမေရိကန်ဗဟိုဘဏ်သည် ချေးငွေစံအတိုးနှုန်း ကို ၀.၇၅ ရာခိုင်နှုန်း မြှင့်တင်ခဲ့သည်။ လေးကြိမ်မြောက်အဖြစ် ဒသမ ၇၅ တိုးလိုက်ခြင်းဖြစ်သည်။ ယခုနှစ်အတွင်း အတိုးနှုန်း မြှင့်တင်ခဲ့သည်မှာ ခြောက်ကြိမ် ရှိသွားပြီ ဖြစ်သည်။
နောက်ဆုံးသုံးလပတ်အတွင်း ဒသမ ရာခိုင်နှုန်း တိုးမြှင့်ခြင်းများကြောင့် ချေးငွေ စံအတိုးနှုန်း ၃.၇၅-၄.၀ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။ ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးအဖြစ် စံချိန်တင်ပါသည်။
ငွေကြေးမူဝါဒ ကိုင်တွယ်သူများက ချေးငွေအတွက် ကုန်ကျစရိတ် တိုးအောင် လုပ်ခြင်းဖြင့် ငွေသုံးစွဲမှုကို ဘရိတ်နင်းဖို့ ရည်ရွယ်သည်။
ဈေးကွက်ထဲသို့ ပစ္စည်းထုတ်လုပ်ပေးသွင်းသည့်ဘက်တွင်ပစ္စည်းပေးသွင်းကွင်းဆက်များပြဿနာတက်နေခြင်း၊ယူကရိန်းစစ်ပွဲ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် စီးပွားရေးပိတ်ဆို့မှုများအရေးယူဆောင်နေခြင်းတို့ကြောင့်
ဈေးကွက်ထဲ လုံလုံလောက်လောက်ပေးသွင်းနိုင်ခြင်းမရှိချေ။သို့ဖြစ်ရာ ဝယ်လိုအားကိုလုံလောက်အောင်ဖြည့်ဆည်းနိုင်ခြင်းမရှိသဖြင့်လည်းကောင်း၊ ပစ္စည်းပေးသွင်းကွင်းဆက်အနှောက်အယှက်များရှိနေခြင်းကြောင့်
စရိတ်မြင့်တက်ခြင်းကြောင့်လည်းကောင်း ကုန်ဈေးနှုန်းများ မြင့်တက်လာနေသဖြင့် ဝယ်လိုအား လျော့ကျပြီး ဖြည့်ဆည်းပေးနိုင်သည့် ပမာဏနှင့် နီးစပ်သွားအောင် ဝယ်လိုအားကို လျှော့ချဖို့ ကြိုးပမ်းနေသည်။
သို့သော် ချေးငွေ အတိုးနှုန်း မြင့်တက်သော်လည်း ကုန်ဈေးနှုန်းများက ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။မူဝါဒ ချမှတ်သည့် Federal Open Market Committee (FOMC) က ဈေးနှုန်းများကျအောင်
နောက်ထပ်အတိုးနှုန်းမြှင့်တင်ပေးဖို့ လိုလိမ့်ဦးမည်ဟုပြောကြားခဲ့ပါသည်။ သို့သော် အတိုးနှုန်းမြင့်တက်ခြင်းကြောင့် စီးပွားရေးထိခိုက်ကုန်ကြသည်လည်း ထည့်သွင်းစဉ်းစားမည်ဟုဆိုပါသည်။
သို့ဖြစ်ရာ လာမည့်လများတွင် အတိုးနှုန်း မြှင့်တင်ခြင်းများ ဆက်ရှိနေဦးမည် ဖြစ်သော်လည်း တိုးမြှင့်သည့် ပမာဏ နည်းပါးမည်ဟု ကောက်ချက်ချကြပါသည်။
သို့သော် Federal Reserve ဥက္ကဋ္ဌ Jerome Powell က မူဝါဒ ကိုင်တွယ်သူများသည် ငွေကြေးဖောင်းပွမှုကိုအတိုးနှုန်းဖြင့်ဖိရန်အတွက် ၎င်းတို့၏ ကြိုးပမ်းမှုများကို ရပ်လိုက်ဖို့အသင့်မဖြစ်သေးကြောင်းပြောကြားပါသည်။
အချိန်အတိုင်းအတာ တစ်ခု ယူရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ရည်မှန်းချက်မှာ ငွေကြေးဖောင်းပွနှုန်းကို ၂ ရာခိုင်နှုန်း လျှော့ချရန် ဖြစ်ပါသည်။
အမေရိကန်နိုင်ငံငွေကြေးဖောင်းပွမှုနှုန်းမှာယခင်လက၈.၂၆% နှင့်ယခင်နှစ်က ၅.၃၉% ရှိခဲ့ပြီးယခုလတွင်၈.၂၀%ရှိပါသည်။Source CNA