Beauty Blogger မဝင်းမင်းသန်းက အမှန်ကိုအမှန်တိုင်းပြောရဲတဲ့ သတ္တိရှိပေမယ့် တစ်ခါတစ်လေကျတော့ အဲအရာကဘဲ ကိုယ့်အတွက်မကောင်းဖြစ်စေနိုင်တယ်ဆိုပြီး အကြံပေးလာတဲ့ မကြီးစန်း


Beauty Blogger မဝင်းမင်းသန်းက အမှန်ကိုအမှန်တိုင်းပြောရဲတဲ့ သတ္တိရှိပေမယ့် တစ်ခါတစ်လေကျတော့ အဲအရာကဘဲ ကိုယ့်အတွက်မကောင်းဖြစ်စေနိုင်တယ်ဆိုပြီး အကြံပေးလာတဲ့ မကြီးစန်း

မိတ်ကပ်ခင်စန်းဝင်းကတော့ မကြီးစန်းလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ မိတ်ကပ်ပညာမှာလူတကာကလေးစားရတဲ့ ဆရာတစ်ဆူပါ။ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သူ ခင်စန်းဝင်းကတော့ မကြီးစန်းဆိုပြီး အနုပညာရှင်တွေသာမက




ပရိသတ်တွေကပါ အချစ်ပိုနေရသူတစ်ယောက်ပါ။ နောက်ပိုင်းမှာ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့သာမက အနုပညာအလုပ်တွေပါ တစ်စထက်တစ်စလုပ်လာနိုင်တဲ့အထိ ပရိသတ်အားပေးမှု ရရှိလာသူလည်း ဖြစ်ပါတယ်။ Beauty Blogger တစ်ယောက်အနေနဲ့ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ဝင်းမင်းသန်းကတော့ အလှအပရေးရာတွေအပြင် မိန်းကလေးတွေအတွက် လိုအပ်မယ်ထင်တဲ့ဗဟုသုတလေးတွေကိုလည်း


    


မျှဝေပေးလေ့ရှိသူပါ။ မကြီးစန်း မခင်စန်းဝင်းက Beauty Blogger မဝင်းမင်းသန်းကို ‘သူမက ပွင့်လင်းတယ်၊ ရိုးသားတယ်၊ အမှန်ကို အမှန်တိုင်းပြောတတ်တဲ့ သတ္တိရှိတယ် တစ်ခါတစ်လေကျတော့လဲ အမှနိတွေများသွားတဲ့ အခါကျတော့ လူမုန်းခံရတာပေါ့ လူ ၁၀၀ မှာတော့ ၉၀ လောက်က လွှတ်စေချင်တဲ့ ဆန္ဒရှိကြပါတယ် မကြီးလဲ အဲ ၉၀ ထဲမှာပါတယ်ပေါ့နော်’ ဆိုပြီရင်ဖွင့်ပြောပြလာပါတယ်။