ယနေ့တိုင် ပရိတ်သတ်တွေ အားပေးနေဆဲ အကယ်ဒမီ သရုပ်ဆောင် မင်းသမီးကြီး မေဝင်းမောင် ဘ၀ အကြောင်း


ယနေ့တိုင် ပရိတ်သတ်တွေ အားပေးနေဆဲ အကယ်ဒမီ သရုပ်ဆောင် မင်းသမီးကြီး မေဝင်းမောင် ဘ၀ အကြောင်း

ယနေ့တိုင် ပရိတ်သတ်တွေ အားပေးနေဆဲ အကယ်ဒမီ သရုပ်ဆောင် မင်းသမီးကြီး မေဝင်းမောင် ဘ၀ အကြောင်း


အရင်ခေတ်က နာမည်ကြီး အနုပညာရှင် တစ်ဦးဖြစ်ပြီး အကယ်ဒမီဆုလည်းရရှိခဲ့ဖူးတဲ့ အကယ်ဒမီ သရုပ်ဆောင် မင်းသမီးကြီး မေဝင်းမောင် အကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။မေဝင်းမောင် ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်ခဲ့ပြိး မြန်မာ အနုပညာလောကကနေ ကာလ အတော်ကြာတိမ်မြုပ်ပျောက်ကွယ်ခဲ့ပြီးနောက်မှာတော့ အမေရိကန်နိုင်ငံမှာ ရိုက်ကူးပြီး အမေရိကန် တီဗီရုပ်သံလိုင်း တစ်ခုဖြစ်တဲ့ NBC Channel မှာ ထုတ်လွင့်ပြသသွားမယ့် New amsterdam ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ခဲ့တာကြောင့် လူငယ်မြန်မာပရိတ်သတ်ကြီးကြားမှာ တစ်ဖန်ပြန်ထွက်ပေါ်လာတဲ့ အနုပညာ ဝိဥာဏ်တွေနဲ့ အတူ မင်းသမီးကြီး မေဝင်မောင် ဟာ လက်တလောမှာ hot ဖြစ်နေခဲ့ပါတယ်။ ကျွန်မတို့ channel ကတော့ ဒီတစ်ခေါက်မှာ မင်းသမီးကြီး မေဝင်းမောင် ရဲ့ အနုပညာ ဘဝဖြတ်သန်းရာအကြောင်းကို ပရိတ်သတ်ကြီးများကို တင်ဆက်ဖို့ ရွေးချယ်ထားပါတယ်။ မေဝင်းမောင်ရဲ့ ပရိတ်သတ်ကြီးများရှိနေသေးလားနော်။ ဆက်လက်ရှစားကြပါဦးရှင့် ။




ရုပ်ရှင်မင်းသမီးကြီး မေဝင်းမောင်ဟာ ၁၉၇၃ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ရုပ်ရှင်ဇာတ်ကားကြီးများကို မနားတမ်းရိုက်ကူးခဲ့ပြီး အကယ်ဒမီ ရွှေစင်ရုပ်ထု တစ်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမိးကြီးဖြစ်ပါတယ်။ ကြည်ပြာဇာတ်ကားနဲ့ ပရိတ်သတ်စိတ်ဝင်စားမှုမြင့်ခဲံပြီး ကြည်ပြာဇာတ်ကားနဲ့ပဲ အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ အနုပညာမျိုးရိုးရှိခဲ့တဲ့ မေဝင်းမောင်ရဲ့ အမေရင်းဟာ မြန်မာ့ အသံမှာ သီချင်းဆိုခဲ့တဲ့ အဆိုတော်ဖြစ်ပါတယ်။ သနပ်ခါးတုံး၊ ဗေဒါပွင့်ကလေးများရဲ့ သနားစဖွယ် စတဲ့ သီချင်းတွေကိုသီဆိုခဲ့သူအဆိုတော်ကြီး ညိုနွဲ့ ရဲ့ သမီးဖြစ်သူဖြစ်ပါတယ်။ အမေသီချင်းသွားသွင်းရင် လိုက်,လိုက်သွားခဲ့တဲ့ မေဝင်းမောင်ဟာငယ်စဥ်ကတည်းက အနုပညာပိုးရှိခဲ့သူဖြစ်ပါတယ်။


တစတစ အနုပညာကို စိတ်ဝင်စားလာခဲ့တဲ့ မေဝင်းးမောင်ဟာ ကျောင်းမှာ ကျင်းပတဲ့ ကဗျာလွတ်ကပွဲတွေမှာ ပါဝင်ကပြခဲ့ပါတယ်။ အဖေဖြစ်သူက မန္တလေးကို တာဝန်ကျစဥ်က မန္တလေးမှာ အကဆရာမ ဒေါ်သြဘာသောင်း ဆီမှာ မြန်မာ့ရိုးရာအကကို သင်ယူခဲ့ပြီး ရန်ကုန်မှာလဲ ရန်ကုန် ပန်တျာ ကျောင်းမှာ အကသင်ခဲ့ပါသေးတယ်။ လျှမ်းလျှမ်းတောက် တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီး ဝင်းဦးနဲ့လဲ အဖေ ကနေ တစ်ဆင့်ရင်းနှီးခဲ့ပြီး ဝင်းဦးရဲ့ စန္ဒာ မဂ္ဂဇင်းစစချင်းထုတ်ကာစ ဒုတိယလမှာ မေဝင်းမောင်ကို မဂ္ဂဇင်း မျက်နှာဖုံးလုပ်ရန် ကမ်းလှမ်းလာတာကြောင့် မဂ္ဂဇင်း မျက်နှာဖုံးရိုက်ကူးခဲ့ပါတယ်။ငယ်ငယ်ကတည်းက အနုပညာပိုးရှိခဲ့တဲ့ မေဝင်းမောင်ဟာ ကျောင်းကပွဲတွေမှာ ဝင်ရောက်ကပြခဲ့ပြီး ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့တဲ့ အထိ နာမည်ကြီး တော်လွန်းခဲ့တဲ့ မေဝင်းမောင်ဟာ သီချင်းများကိုလည်း ဆိုခဲ့ပါသေးတယ်။


တက္ကသိုလ်ဝင်တန်းကို အထက ၂ စမ်းချောင်းမှာတက်ခဲ့ပြိး ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်တက်ခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်လုပ်ချင်လွန်း၍ မိဘတွေစီခွင့်တောင်းခဲ့ရာမှ ပညာရေးကိုလည်း အားစိုက်မှ ခွင့်ပြုမယ်ဆိုတဲ့ မိဘတွေကြောင့် မေဝင်းမောင်ဟာ ပညာရေးတစ်ဖက်နဲ့ ရုပ်ရှင်ရိုက်ကူးမှုကို စတင်ခဲ့ပါတော့တယ်။ မေဝင်းမောင်သည် ၁၉၇၃ တွင် ဒါရိုက်တာ ဦးချစ်စိန်(ရှူမဝ) ရိုက်ကူးသော လှချင်ရက်စက်စက်ယို ဇာတ်ကားဖြင့် အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ လှချင်ရက် စက်စက်ယို ဇာတ်ကားကို ကိုကျော်ဟိန်း ဒေါ်စိန်ခင် ဦးအံ့ကျော် စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ရိုက်ကူးခဲ့ပါတယ်။ထိုနောက် ဒုတိယ ဇာတ်ကားအနေနဲ့ စိမ် သို့မဟုတ် စိန် ဆိုတဲ့ ဇာတ်ကားကို ဒုတိယ ဇာတ်ကားအဖြစ် ရိုက်ကူးခဲ့ပါတယ်။




ထို ဇာတ်ကားကို ကျော်ဟိန်းနဲ့ပဲ ရိုက်ကူးခဲ့ပြီး ပရိတ်သတ်တွေကြားထဲ နာမည်ကြီး ပေါက်ရောက်ခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။လုငယ်ကြိုက် သရုပ်ဆောင်ချက်တွေနဲ့ မေဝင်းမောင်ကို သဘောကျခဲ့သူများပြားစေခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပြီး နာမည်လေးလဲ ဆန်းတာကြောင့် ပရိတ်သတ်တွေကြား ပေါက်ရောက်ခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်ကား ၆၀ ခန့် ရိုက်ကူးခဲ့ပြီး ထိုထဲမှာမှ သုံး သို့မဟုတ် လေး ၊ ဒီလိုဆို ချစ်ဖူးကွယ်၊ ကျွန်းကလေးမှာနှစ်ယောက်တည်း၊ ပုလဲ အရောင်မမှိန်ခင်၊ ယုန်ထောင်ကြောင်မိ စတဲ့ ဇာတ်ကားတွေပါဝင်ခဲ့ပါတယ်။၁၉၈ဝ ခုနှစ်တွင် ယမုံနာ ရုပ်ရှင် ထုတ်လုပ်ရေး၊ ဒါရိုက်တာ ကြီးမြင့် ရိုက်ကူးသည့် မေဝင်းမောင်ရဲ့ ၃၀ မြောက်ဇာတ်ကားဖြစ်တဲ့ “ကြည်ပြာ” ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ကို ရရှိခဲ့ပါတယ်။


ကြည်ပြာဇာတ်ကားကို မန္တလေးရဲ့ မိဘမဲ့ မိန်းကလေးကျောင်း မှာ သွာရောက်ရိုက်ကူးခဲ့ပြီး သီလရှင်ကျောင်းလဲဖြစ်တာကြောင့် သီလရှင်တွေ မိဘမဲ့ ကလေးတွေနဲ့ ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။ ကြည်ပြာ ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ရိုက်ကူးခဲ့ရတာဖြစ်ပြီး ၁၉၈၁ ခုနှစ်အတွက် မေဝင်းမောင်ဟာ ထိုကားမှာ အကောင်းဆုံးအမျိုးသမီဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။နောက်ထပ် ချစ်တဲ့ သူငယ်လေ ဆိုတဲ့ ဇာတ်ကားမှာ ကိုရူပနဲ့ ရိုက်ကူးခဲ့ပြီး လူငယ်ဇာတ်ကားဖြစ်တဲ့ အတွက် ပရိတ်သတ်ကြား အားပေးမှု မြင့်တက်ခဲံတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အတ္တ မဆန်သော အတ္တ ဆိုတဲ့ ဇာတ်ကားကို ညွှန့်ဝင်း နဲ့ ရိုက်ကူးခဲ့ပါတယ်။ လိုရာဆန္ဒပြည်ပါစေ၊ အချစ်သစ်ပင် ၊ ပုဝါနီနီ၊ ဂျက်မ၊ လူထဲကလူ၊ စတဲ့ဇာတ်ကားတွေကိုလည်းရိုက်ကူးခဲ့ရပါတယ်။ ဒါရိုက်တာ ဦးသူခ ရိုက်ကူးတဲ့ ရွှေတိဂုံ ဘုရားသမိုင်း ဇာတ်ကားမှာ ဝသုန္ဒရီ နတ်သမီးနေရာကနေ ရိုက်ကူးခဲ့ပါတယ်။အလှကိုယ်စီရှိကြသည် ဆိုတဲ့ ယိမ်းကလေးမှာ ပါဝင်ကပြခဲံပြီး ကိုစန်းဝင်း ညွှန့်ဝင်းနဲ့ အတူ ပါဝင်ကပြခဲ့ပါတယ်။


သဘင်သည် မဝင်ရ ဆိုတဲ့ ဇာတ်ကားမှာလည်း မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဦးနေဝင်း ၊ဒေါ်အးအေးသင်း၊ အံ့ကျော် နဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ နေဝင်းရဲ့ သမီး နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်က ချင်ပေမယ့်လည်း အဖေရဲ့ ခွင့်ပြုချက်မရလို့ ခိုးကရတဲ့ ဇာတ်မင်းသမီးကလေး အဖြစ် သရုပ်ဆောင်ခဲ့ရပါတယ်။ ရိုက်ခဲ့ရတဲ့ ဇာတ်ကား ၆၀ လုံးဟာ အဖြူအမဲ ဇတ်ကားတွေပဲဖြစ်ပြိး ပထမဆုံးရိုက်ကူးတဲ့ ကာလာ ရုပ်ရှင်ကတော့ သိန်းသုံးဆယ်နဲ့ လူစိမ်းတစ်သိုက်ဆိူတဲ့ ကာလာ ဇာတ်ကားဖြစ်ပါတယ်။ရုပ်ရှင်မင်းသား ကျော်သူ နဲ့ ရိုက်ကူးခဲ့ရတဲ့ ဆေးရောင်စုံဇာတ်ကားဖြစ်ပြီး ထိုဇာတ်ကားကစပြီး ကာလာဆေးရောင်စုံဇာတ်ကားများရိုက်ကူးခဲ့ပြီး ကား သုံးဆယ်လောက် ထွက်ရှိရိုက်ကူးခဲ့ပါတယ်။


ထိုနောက် ကျော်သူ၊ စိုးသူ၊ပြေငြိမ်းဆိုတဲ့ စဥ်ပြိုင် မင်းသားများပေါ်လာပြီးနောက်မှာ မင်းသားပြေငြိမ်းနဲ့ ဒီမျက်နှာလေးကို ချစ်တာ ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ရိုက်ကူးခဲ့ပြီးတော့ နှစ်ကိုယ်ခွဲနေရာကနေ မေဝင်းမောင်က သရုပ်ဆောင်ခဲ့ရပါတယ်။စီတီရီယို သီချင်းများသွင်းခဲ့ပြီး အိုအေစစ် စတီရီယို မှာ မေဝင်းမောင်ရဲ့ တေးများဆိုပြီး ထုတ်လွှင်ခဲ့ပါတယ်။ နောက်အခါမှာ နံပါတ်များနဲ့ စကားပြောချင်း ဆိုတဲ့ တေးစီးရီး ခွေကို ထုတ်လွှင့်ခဲ့ပြီး ထို ထဲမှာပါတဲ့ တေးသီချင်းများကို လည်း မြန်မာ့အသံမှာ ရိုက်ကူးခဲ့ပါတယ်။


ကြော်ငြာ ခေတ်ဥိးကာလတွေမှာလည်း ကြော်ငြာတွေရိုက်ကူးခဲ့ပြီး ဗီဒီယို ခေတ်ဥိးကိုလည်းမှီခဲ့ပါတယ်။ မေဝင်းမောင်ရဲ့ ခင်ပွန်းသည်မှာ ဦးသက်ဝင်းဖြစ်ပြီး၊ သား သိင်္ဂါမောင် ဝင်း နှင့် သမီး မေသန္ဒီဝင်း ဆိုပြီး သားသမီး နှစ်ဦးထွန်းကားခဲ့ပါတယ်။လက်ရှိတွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိပါတယ်။ကိုဗစ် ၁၉ ကာလမှာလည်း အမေရိကန်နိုင်ငံ မှာ ရောဂါဖြစ်ပွားမှုမြင့်တက်ခဲ့တာကြောင့် ဂရုစိုက်ပြီး နေခဲ့တယ်လို့ဆိုပါတယ်။ 2021 ခုနှစ်မှာတော့ အမေရိကန်မှာ ရိုက်ကူးတဲ့ NEW Amsterdam ဇာတ်ကားမှာ မြန်မာသရုပ်ဆောင် လိုအပ်တာကြောင့် သွားရောက် Audition ဝင်ဖြေခဲ့ရာမှ ရွှေးချယ်ခြင်းခံခဲ့ရပြီးတော့ ပါဝင်ခွင့်ရလာခဲ့ပါတယ်။ Newyork မှာ သွားရောက်ရိုက်ကူးခဲ့ပြီးတော့ အခုဆိုရင် ရုပ်သံစီးရီး ထွက်နေပြီဖြစ်ပါတယ်။ ဟေမာတံခွန်ဆိုတဲ့ မြန်မာအမျိုးသမီးကြီးနေရာကနေ သရုပ်ဆောင်ခဲ့ပြီးတော့ အကြောင်းကြောင်းနဲ့ အမေရိကန်နိုင်ငံကို ရောက်လာခဲ့ရတဲ့ ပုံစံမျိုးရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။


နိုင်ငံရေးနောက်ခံ ဇာတ်ကားဖြစ်ပြီး မင်းသမီးကြီး မေဝင်းမောင်ဟာငယ်စဥ်ကလည်း ၈၈ အရေးအခင်းမှာ ပါဝင်ဖူးခဲ့တဲ့ အတွက် နိုင်ငံရေးလှုပ်ရှားမှုဓာတ်ပုံများကိုလည်း ရုပ်ရှင်ရိုက်ကူးမှုအတွက် ပေးပို့ ခဲ့တယ်လို့ ဆိုပါတယ်။မျက်နှာသစ် မြန်မာအမျိုးသမီးသရုပ်ဆောင် တစ်ယောက် နဲ့ အမျိုးသား သရုပ်ဆောင် တစ်ယောက် ပါဝင်သေးတယ်လို ဆိုပါတယ်။အမေရိကားရောက်တာ ၂၇ နှစ်လောက်ရှိနေပြီဖြစ်ပြီး သမီးလေးကလည်း အနုပညာကို ဝါသနာပါတယ်လို့ ဆိုပါတယ်။မြန်မာပြည်ကို လွမ်းလွန်းပြီးတော့ မြန်မာ့ ရုပ်ရှင် နှစ်တရာပြည့်မှာ မြန်မာပြည်ကို ပြန်လာမယ်လို့ ရည်စူးထားခဲ့ပေမယ့် ကိုဗစ်ကြောင့် ပြန်မလာဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ ရုပ်ရှင်မင်းသားကြီး ကျော်ဟိန်းနဲ့ တွဲကာ ဇာတ်ကားများစွာရိုက်ကူးခဲ့ပြီး ကျော်ဟိန်းစီက ပညာတွေကိုလည်း သင်ယူခဲ့ရတယ်လို ဆိုပါတယ်။




တက္ကသိုလ် ပထမနှစ်ထဲက ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ အခါမှာ အတွေ့အကြုံနုလွန်းပြီး ကြောက်တဲ့အတွက် မခေါ်မပြောနေခဲ့တာကြောင့် မာနကြီးသလိုတောင် အထင်ခံရတယ်လို ဆိုပါတယ်။မဂ္ဂဇင်း မျက်နှာဖုံး တွေ ကြော်ငြာတွေကို လက်မလည်အောင်ရိုက်ကူးခဲ့ရပြီး ကျွန်းကလေးမှာ နှစ်ယောက်တည်းဆိုတဲ့ ဇာတ်ကားမှာလည်း ကျွန်းတွေမှာ တစ်လ လောက်ရိုက်ကူးခဲ့ရပါတယ်။လှိုင်းကြိးတဲ့ ဒဏ်ကိုခံခဲ့ရပြီး ရာသီဥတု ဆိုရွားတာတွေ ကြံုတွေ့ခဲ့ရတာကြောင့် တွေ့ဆုံရသမျှကားထဲမှာ အမှတ်တရ အများဆုံးဇာတ်ကား လို့ မေဝင်းမောင် ကဆိုပါတယ်။ အခုချိန်ထိအားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးများက facebook ပေါ်က မေဝင်းမောင်ရဲ့ acc ကိုသွားရောက် ဆက်သွယ်တာမျိုး တွေရှိခဲ့တာကြောင့် အခုချိန်ထိ အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးများကို လွမ်းမိတယ် ချစ်လည်းချစ်ပါတယ် ကျေးဇူးလည်း တင်တယ်လို့ မေဝင်းမောင်က ပြောပါတယ်။ သားသမီးနှစ်ယောက်နဲ့ အတူ ပျော်ရွင် ဖွယ် မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ မေဝင်းမောင်ဟာ မိသားစုနဲ့အတူ အမေရိကန်နိင်ငံမှာ ပျော်ရွင်စွာနေထိုင်လျက်ရှိနေပါတယ်။


မြန်မာပြည်ကို ပြန်လာြပီးတော့ အနုပညာ အလုပ်တွေကို လုပ်ချင်ပေမယ့်လည်း အခုချိန်မှာတော့ အစီအစဥ်မရှိသေးဘူးလို့ ဆိုပါတယ်။ကဲ ပရိတ်သတ်ကြီးတို့ရေ မင်းသမီးကြီး မေဝင်းမောင် ရဲ့ အကြောင်းကို တင်ဆက်သွားတာပဲဖြစ်ပါတယ်။ မေဝင်းမောင် ကို အခုချိန်ထိ အားပေးနေကြတဲ့ ပရိတ်သတ်ကြီးမျာ ရှိသေးပါသလားနော် ။ new amsterdam ဇာတ်ကားမှာလည်း အားဖြည့်ပါဝင်ထားတာမို့လို့ သွားရောက်အားပေးလို့ ရပါတယ်နော်။ မေဝင်းမောင်ဟာ new amsterdam မှာ Ryan eddold, freema agyeman , janet montgomery တိုနဲ့ ရိုက်ကူးထားပြီး ယခုနှစ်ထဲမှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။ ကဲ မြန်မာ နှစ်ယောက်က လည်း အားဖြည့် ပါဝင်ထားတာမို့သွားရောက်အားပေး ကြည့်ရှုနိုင်ပါတယ်နော်။ မေဝင်းမောင် ရဲ့ ချောမောနေဆဲ ဖြစ်တဲ့ရုပ်ရည်ကြောင့်လဲ ပရိတ်သတ်တွေကြား ပြန်လည်နာမည်ကြီး လာခဲ့တာဖြစ်ပါတယ်။

Credit


>