မြစ်ထဲကိုမပြိုကျမီ၊ယောက်ျားလေး ၁၅-၂၀နီးပါးက တံတားကို လှုပ်ယမ်းခဲ့တဲ့ ဝမ်းနည်းဖွယ်ရုပ်သံမှတ်တမ်း


မြစ်ထဲကိုမပြိုကျမီ၊ယောက်ျားလေး ၁၅-၂၀နီးပါးက တံတားကို လှုပ်ယမ်းခဲ့တဲ့ ဝမ်းနည်းဖွယ်ရုပ်သံမှတ်တမ်း

အိန္ဒိယ ကြိုးတံတားပြိုကျမှုကြောင့် လူသေဆုံးမှုအရေအတွက် ၁၃၀ ကျော်အထိရှိလာ


အိန္ဒိယနိုင်ငံက လူအစုလိုက်အပြုံလိုက် စုဝေးရောက်ရှိခဲ့ပြီးနောက် ရာစုနှစ်တစ်ခုကြာသက်တမ်းရှိခဲ့ တဲ့ လူကူးကြိုးတံတားပြိုကျမှုကြောင့် သေဆုံးသူအရေ အတွက်ဟာ ဆက်လက်မြင့်တက်လာခဲ့ တယ်လို့ နောက်ဆက်တွဲ ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။


သတင်းတွေရဲ့ ရေးသား ဖော်ပြချက်အရ အခုထက်ထိကို သေဆုံးသူအရေအတွက်ဟာ ၁၃၄ ဦး ရှိနေပြီဖြစ်ကြောင်း ဆိုပါ တယ်။


လူများလွန်းတာကြောင့် တံတားပြိုကျခဲ့တယ်လို့ တာဝန် ရှိသူတွေက ပြောကြားခဲ့ပါ တယ်။ အိန္ဒိယနိုင်ငံ၊ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်က တံတားတစ်စင်း ဟာ မနေ့က အောက်တိုဘာလ ၃၀ ရက်နေ့ ဒေသစံတော်ချိန် ညနေခင်း ၆ နာရီ မိနစ် ၄၀ ( ယူကေစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်) မှာ ပြိုကျခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ ပါတယ်။


ကြိုးတံတားပျက်ကျမှုကြောင့် မော်ဘီမြို့ မက်ကာချူးမြစ်ထဲ လူရာနဲ့ချီပြုတ်ကျပြီးနောက် သေဆုံးသူ ၁၃၀ ကျော် ရှိပြီး လူ ၁၀၀ ခန့်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ တံတားအောက်မှာလည်း အခြား လူ ၁၀၀ ခန့် ပိတ်မိနိုင်ကြောင်း အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး နောက်ထပ် လူပေါင်း ၉၀ ကို ထပ်မံ ကယ်တင်နိုင်ခဲ့ကြောင်းလည်း ကနဦးမှာ ဆိုပါတယ်။


အခင်းဖြစ်ပွားရာ နေရာက ဗွီဒီယိုဖိုင်ထဲ ရေထဲမှာ ကြိုးတံတားရဲ့ တစ်စိတ်တစ်ပိုင်းပေါ်ကို တွယ်တက်ဖို့ ကြိုးစားနေတဲ့ သူတွေကို မြင်တွေ့ရပါတယ်။ ပျက်ကျချိန်မှာကြိုးတံတားပေါ် လူ ၄၀၀ ခန့်ရှိကြောင်းလည်း ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ရှေးဟောင်းသမိုင်းဝင် တံတားကို ပြုပြင်မှုတွေလုပ်ဆောင်ဖို့ ခြောက်လကြာပိတ်ထားခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ပြီး ၄ ရက်အကြာမှာ အခုလို မတော်တဆဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်ပါတယ်။


တံတားပျက်ကျရခြင်းအကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်းပဲ ဒီပါဝလီ ပွဲတော်ကြောင့် လူတွေပြည့်ကျပ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။


မီတာ ၂၃၀ ရှည်လျားတဲ့ သမိုင်းဝင်ကြိုးတံတားကို အိန္ဒိယဟာ ဗြိတိသျှ အင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ချိန် ၁၉ ရာစုအတွင်း ဆောက်လုပ်ခဲ့တာလို့ သိရပါတယ်။ မွေးရပ်ပြည်နယ်ကို အလည်အပတ် ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကလည်း ကယ်ဆယ်ရေးလုပ်ငန်း ချက်ချင်းလုပ်ဆောင်ဖို့ ပြည်နယ်ဝန်ကြီးချုပ် အားပြောကြားခဲ့ပါတယ်။


>