မြိတ်ကိုသွားသည့် စစ်ယာဉ်တန်း မိုင်းဆွဲ ပ-စ်ခ-တ်တို-က်ခို-က်ခံရမှု စစ်သား ၂၀ ဦးထက်မနည်း‌ေ-ဆုံး(ရုပ်/သံ)


မြိတ်ကိုသွားသည့် စစ်ယာဉ်တန်း မိုင်းဆွဲ ပ-စ်ခ-တ်တို-က်ခို-က်ခံရမှု စစ်သား ၂၀ ဦးထက်မနည်း‌ေ-ဆုံး(ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ဘက်ကနေ မြိတ်ဘက်ကို ထွက်ခွာလာတဲ့ ကား ၁၃ စီးပါ စစ်ယာဥ်တန်းကို နှစ်ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တောကြီး မြွေဟောက်အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ် တောကြီး မြွေဟောက်အဖွဲ့က ဆိုပါတယ်။


ရန်ကုန်ခေတ်သစ်အနေနဲ့တော့ မြေပြင်အခြေအနေမှာ စစ်သားတွေ သေဆုံးမှု အခြေအနေကိုတော့အတည်မပြုနိုင်သေးပါဘူး။


တိုက်ခိုက်ခံရတဲ့ အဆိုပါယာဥ်တန်းဟာ ည ၁၀ နာရီခွဲဝန်းကျင်မှာလည်း စက်တော်ရာရွာအနီးမှာ ပဒေသာမိုင်းနဲ့ ဆက်လက်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကား ၂ စီးထိခိုက်ပျက်စီးကာ စစ်သား ထိခိုက်သေဆုံးရှိခဲ့ပေမဲ့ အတိအကျကိုတော့အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို တောကြီးမြွေဟောက်အဖွဲ့နဲ့ ဗိုလ်ခေါင်းဖြူစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အဲဒီ စစ်ယာဥ်တန်းဟာ ပုလောမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကို မင်းထိန်ရွာအနီးမှာလည်း ခံခဲ့ရသေးတယ်လို့ သိရပါတယ်။