” မြန်မာ့အရေးကို လုံခြုံရေးကောင်စီကနေ တာဝန်ယူပေးဖို့ကို ဗီတိုအာဏာသုံးခွင့်မရှိပဲ ဆုံးဖြတ်တော့မယ် “


” မြန်မာ့အရေးကို လုံခြုံရေးကောင်စီကနေ တာဝန်ယူပေးဖို့ကို ဗီတိုအာဏာသုံးခွင့်မရှိပဲ ဆုံးဖြတ်တော့မယ် “

” မြန်မာ့အရေးကို လုံခြုံရေးကောင်စီကနေ တာဝန်ယူပေးဖို့ကို ဗီတိုအာဏာသုံးခွင့်မရှိပဲ ဆုံးဖြတ်တော့မယ် ”


မြန်မာကို ယူကရိန်းလို ထောက်ပံ့ ကူညီပေးဖို့အတွက် လုံခြုံရေးကောင်စီအစည်းအဝေးမှာ တွမ်အင်ဒရူးက တောင်းဆိုလိုက်ပါတယ် ။ ဒီနေ့ နယူးယော့က ကုလသမဂ္ဂဌာနမှာ ကျင်းပတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက တောင်းဆိုလိုက်တာပါ ။ တွမ်အင်ဒရူးရဲ့ တင်ပြမှု့အတွက် ရုရှားနိုင်ဆိုင်ရာ ဒု- သံအမတ်ကြီးနဲ့ အချေအတင် ဖြစ်ခဲ့ကြပါတယ် ။


တွမ်အင်ဒရူးရဲ့ တင်ပြချက်ကတော့ …၊


” ရုရှားနိုင်ငံဟာ ယူကရိန်းကို ကျူးကျော်နေပြီး မြန်မာစစ်တပ်ကိုလည်း လက်နက်ထောက်ပံ့နေပါတယ် ။ ဒီတော့ ယူကရိန်းနဲ့ မြန်မာပြည်သူတွေကို သတ်နေတာဟာ ရုရှားလက်နက်တွေပါ ။ သို့ပေမဲ့ ယူကရိန်းဟာ အမေရိကန် ၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာကနေ ဝိုင်းဝန်းကူညီနေတဲ့အတွက် ရုရှားကို အကောင်းဆုံး တုံ့ပြန်နိုင်ပါတယ် ။ မြန်မာပြည်သူတွေကတော့ ယူကရိန်းလို အကူအညီ မရပါဘူး ။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ရုရှားကို ပစ်မှတ်ထားသလို ၊ မြန်မာစစ်တပ်ကိုလည်း အရေးယူ နှိမ်နင်းပေးဖို့ ပစ်မှတ်ထားပြီး ဖိအားပေးရပါလိမ့်မယ် ။ ”


” ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာစစ်တပ်ကို အရေးယူဖို့ တရုတ်နဲ့ ရုရှားရဲ့ ကာကွယ်မှု့ကနေ ရုန်းထွက်ဖို့ နည်းလမ်းရှာရပါမယ် ။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာစစ်တပ်ကို နှိမ်နင်းဖို့အတွက် ညှိနှိုင်းဆောင်ရွက် ၊ ကြိူးပမ်းအားထုတ်ပြီး စီမံချက်တွေ ချရပါတော့မယ် ။ ဒီစီမံချက်တွေကို အကောင်အထည်ဖော်ရပါတော့မယ် ။ ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကျူးကျော်လိုက်တော့ အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေက ညှိနှိုင်းမှု့တွေ လုပ်ခဲ့ကြပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ် ။ ဒါ့ကြောင့်လည်း ရုရှားဟာ ယူကရိန်းမှာ အခြေမလှဖြစ်နေတာပါ ။ ”


” ယူကရိန်းပြည်သူတွေကို သတ်နေတဲ့ လက်နက်တွေဟာ ရုရှားကလာသလို ၊ မြန်မာပြည်သူတွေကို သတ်နေတဲ့ လက်နက်တွေကလည်း ရုရှားကပဲ လာပါတယ် ။. ”


လို့ တွမ်အင်ဒရူးက တင်ပြခဲ့တာပါ ။


တွမ်အင်ဒရူးရဲ့ တင်ပြမှု့အပြီးမှာ ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံရဲ့ ဒု သံအမတ်ကြီးက ” ဒီ အချက်အလက်တွေကို အတည်မပြုနိုင်ပါဘူး ” လို့ ဒေသတကြီး တုံ့ပြန်ခဲ့ပြီး တွမ်အင်ဒရူးနဲ့ အချေအတင်ဖြစ်ခဲ့ကြပါတယ် ။


ရုရှားသံအမတ်ကြီးရဲ့ တုံ့ပြန်ပုံကတော့


” တစ်ကမ္ဘာလုံးက သက်ကြီးရွယ်အိုတွေ ၊ ကလေးငယ်တွေ ၊ အရပ်သားတွေကို သတ်နေတာဟာ ဘယ်သူ့လက်နက်လည်းလို့ ပြောစရာမလိုပါဘူး ။ မင်းကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေနဲ့ ခန့်ထားတာမဟုတ်လား ။ ယူကရိန်းနဲ့ မပတ်သက်ပဲ မြန်မာကိစ္စသာလုပ်ပါ ”

လို့ ရုရှားသံအမတ်ကြီး ဂန်နာဒီကူဇမင်းက တုံ့ပြန်ခဲ့တာပါ ။


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့လက ဗြိတိန်ကနေ တင်သွင်းထားပါတယ် ။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု့တွေ ရပ်တန့်ဖို့အတွက် လုံခြုံရေးကောင်စီရဲ့ မူကြမ်းကို အတည်ပြုပေးဖို့ ထောက်ခံမဲ ၉ မဲ လိုအပ်ပြီး ရုရှား ၊ တရုတ် ၊ ပြင်သစ် ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက ဗီတိုသုံးခွင့်မရှိပါဘူး ။


အစည်းအဝေးအပြီးမှာ နိုင်ငံတကာသတင်းဌာနတွေရဲ့ မေးမြန်းချက်ကို တွမ်အင်ဒရူးက ဖြေကြားပေးပါတယ် ။ ဗီတိုအာဏာ သုံးလို့မရတဲ့ မြန်မာ့အရေးကို လုံခြုံရေးကောင်စီက စီစဉ်နေတယ်လို့ တွမ်အင်ဒရူးက အခိုင်အမာ ဖြေကြားထားပါတယ် ။ မလေးရှားနိုင်ငံကနေ မြန်မာပြည်သား ဒုက္ခသည်တွေ ပြန်လွှတ်နေတဲ့အကြောင်းကိုလည်း နိုင်ငံတကာသတင်းဌာနတွေကို ပြောပြခဲ့ပါတယ် ။


ဘကြီးအောင် LA

>