မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ တံတားပျက်ကျလို့ အနည်းဆုံး လူ ၈၀ သေဆုံး


မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ တံတားပျက်ကျလို့ အနည်းဆုံး လူ ၈၀ သေဆုံး

မြန်မာအိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကြိုးတံတားပျက်ကျလို့ အနည်းဆုံး လူ ၈၀ သေဆုံးခဲ့ပါတယ်။


တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံအနောက်ပိုင်း Gujarat ပြည်နယ် Machhu မြစ်ပေါ်က ကြိုးတံတားပျက်ကျခဲ့တာပါ။


အဲ့အချိန်က လူ ၄ဝဝ ကျော်လောက် တံတားပေါ်မှာရှိနေခဲ့ပါတယ်။


လတ်တလောမှာ ၈၀ လောက် သေဆုံးကြောင်းနဲ့ တော်တော်များများကို မြစ်ထဲကနေ ကယ်ဆယ်နိုင်ပေမဲ့ တချို့လည်း ပျောက်နေတုန်းပဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။


အခုပျက်ကျခဲ့တဲ့ ကြိုးတံတားဟာ ၂၃ဝ မီတာရှည်ပြီး ၁၉ ရာစုနှစ် အင်္ဂလိပ်ကိုလိုနီလက်ထက်က ဆောက်ခဲ့တဲ့ သမိုင်းဝင်တံတား ဖြစ်ပါတယ်။


နှစ်ပေါင်းများစွာ အိုမင်းနေပြီဖြစ်တဲ့ ဒီတံတားကို ပြန်မွမ်းမံဖို့ ၆ လလောက် ပိတ်ထားခဲ့ပြီး၊ ပြီးခဲ့တဲ့တပတ်ကမှ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။


Photo: Reuters