မအလရဲ့အမျက်တော်ရှလို့ သူရရွှေမန်းစလုံးကိုပြေးသွားပြီဆိုတဲ့သတင်းထွက်နေတယ်။


မအလရဲ့အမျက်တော်ရှလို့ သူရရွှေမန်းစလုံးကိုပြေးသွားပြီဆိုတဲ့သတင်းထွက်နေတယ်။

မအလရဲ့အမျက်တော်ရှလို့ သူရရွှေမန်းစလုံးကိုပြေးသွားပြီဆိုတဲ့သတင်းထွက်နေတယ်။


အ​ကြောင်းသိတဲ့သူတွေအတွက်တော့ဟာသကြီးဖြစ်နေပြီ။ ရွှေမန်းဆိုတာအဲ့လိုပါဘဲ စစ်အုပ်စုနိုင်ငံရေးအပြောင်းအလဲတခုလုပ်တော့မယ်ဆိုတိုင်း

အရောင်ပြောင်းနေကျပါ။


ပထမတခါတုန်းက သန်းခေါင်ယံအာဏာသိမ်းမှုဆိုပြီး လုပ်ကြံဇာတ်လမ်းထွင်ကာ NLD နဲ့ဒေါ်စုဘက်ဆီပြေးကပ်ခဲ့တယ်။သန်းရွှေရဲ့ အစီအစဥ်ပါ။ နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်ကိုနောက်ကျောဓားနဲ့ထိုးပြီး စစ်အဘတွေပူးပေါင်းပြီးအာဏာသိမ်းခဲ့တယ်။


မင်းအောင်လှိုင်ဆိုတာ ရွှေမန်းရဲ့တပည့်။ ရွှေမန်းစကခ ၃ တပ်မမှုးလက်ထက်တုန်းက မင်းအောင်လှိုင်က လက်အောက်ခံတပ်ရင်းမှုး။


မင်းအောင်လှိူင်ရွှေတြိဂံတိုင်းမှုးကနေ ကစထမှုးဖြစ်ဖို့ ကွက်ညှိဗိုလ်ချုပ်ကြီးရွှေမန်းကဆွဲတင်ပေးခဲ့တာ။ ရွှေမန်းကိုသာမင်းအောင်လှိုင်တကယ် ငြိုးယင် မြန်မာပြည်မှာရှိတဲ့ရွှေမန်းရဲ့မိသားစုစီးပွားရေးအင်ပါယာကြီးအသိမ်းခံရမှာပေါ့ဗျာ။


ရွှေမန်းမိသားစုရဲ့ ဧရာရွှေဝါကော်ပိုရေးရှင်းကြီးရဲ့အောက်မှာ ကုမ္ပဏီ ၁၀ ခုလောက်ရှိတယ်။ အခုချိန်ထိ တရှိန်ထိုးစီးပွားရေးလည်ပတ်နေတုန်းဘဲ။ ပိုပြီးတောင်ချမ်းသာလာသေးတယ်။


ရွှေမန်းက NUG နဲ့ CRPH ထဲက NLDပါတီဝင်တွေနဲ့ ရင်းနှီးတယ်။ ပါတနာကျတယ်။ ဟိုကောင်သီပေါNLD အမတ်နီပိန်းရဲဝင်းဆိုတဲ့ကောင်က ရွှေမန်းကိုစစ်တပ်နဲ့အဆင်မပြေတဲ့ပုံစံ မီဒီယာတခုကိုပြောထားပြီးစကားစထားတယ်။ လွန်ခဲ့တဲ့၁ပတ်လောက်က။ ပြီးတောအခုရွှေမန်းရဲ့ နိုင်ငံရေးလုပ်စားကွက်ခင်းလာတော့တာဘဲ။ အကြောင်းမသိတဲ့လူထုကိုတော့လိမ်လို့ရမယ်။ အကြောင်းသိသူတွေကိုတော့လိမ်လို့မရပါ။


သူရရွှေမန်းဆိုတာ ရိုဟင်ဂျာ Genocide တရားခံစားရင်းမှာပါတယ်။၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုရဲ့တရားခံ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးရဲ့သတ်ဖြတ်မှုတွေမှာအဓိကတာဝန်ရှိသူ။ NLD အုပ်စုကိုနောက်ကွယ်ကထောက်ပံ့ပြီးစစ်အုပ်စုနဲ့လည်းအကျိုးစီးပွားတည်ဆောက်ထားသူဖြစ်တယ်။


မြန်မာပြည်တွင်းမှာတင်ရွှေမန်းမိသားစုရဲ့စီးပွားရေးအင်ပါယာပိုင်ဆိုင်မှုက ဒေါ်လာ ၂ဘီ လျံရှိနေတယ်။ စင်္ကါပူ၊သြစတျေးလျနဲ့ဖစိဖိတ်ကျွန်းစုနိုင်ငံတွေမှာလည်းစီးပွားရေးရင်းနှီးမြှပ်နှံ့မှုတွေကြီးမားစွာထားရှိထားတယ်။


ခင်ရွှေကိုမဖမ်းခင် စရဖက သူရရွှေမန်းသားခင်ရွှေရဲ့သားမက်တိုးနိုင်မန်းကို ​ကြိုတင်အကြောင်းကြားခဲ့တာဖြစ်လို့တိုးနိုင်မန်းစင်္ကါပူကိုထွက်သွားခဲ့တာပါ။နိုင်ငံရေးလုပ်စားကွက်တွေကိုလူထုက မယုံတော့ပါ။ရာဇဝတ်​ဘေးပြေးမလွတ်ပါ။


အာရုံထွေဝါးမသွားကြပါနဲ့ UN အာဆန်မှာ ဖိအားများနေလို့ အလွတ်ပြ ရုပ်ပြကောင်းအောင် လုပ်နေတာ အကွက်ဟောင်းပါပဲ နောက် ရွှေမန်း ထွက်ပြေးသည်ဖြစ်စေ ဆေးကုသည်ဖြစ်စေ ဖြစ်နိုင်လားဆို သန်းခေါင်ယံအာဏာသိမ်းခံထားသူအဖို့ ဖြစ်နိုင်၍ အရမ်းကာရောနဲ့ NLD လက်ထက်မှာ အမေစုနဲ့ နီးလို့ မအလ အငြိုးတေးထားတယ်ဆိုပြီး ကိုယ့်ဘက်လူသားဆိုပြီး မသနား အယုံမလွယ်ကြရန်နဲ့


‌ခြင်းကိုက်တဲ့ ဖြစ်ရပ်မှာ ပြည်သူဟာ ပါးနပ်စွာနဲ့ ရွေမန်းနဲ့ ရဲထွဋ်ကို သတိကြီးစွာထားပြီး အယုံမလွယ်ပဲ ရှောင်ဖယ်ခွာနိုင်ကြပါစေ အပူးအကပ်နဲ့ မိမိဘက်ကို အ၀င် အရောက်မခံကြပါရန် သတိကြီးကြီးပေးပါရစေ


တွေဟာ ဒီနည်းနဲ့ ပူးသတ်တွေအဖြစ် ဖန်တီးပြီး ကိုယ့်ဘက်သူသား အသွင်နဲ့ အယုံကြည်သွင်း ဟန်ဆောင် လုပ်ကြံလာမှာစိုး၍ ဒီအချက်ကို ပြည်သူနဲ့ NUG သတိကြီးစွာထားပြီး မိမိအဝိုင်း၀န်းစည်းထဲကို အကပ် အပူး အ၀င်မခံကြပါရန် အသိပေးလိုပါသည်ဟု


တလရ End Game ရောက်လေ အားလုံးသတိကြီးစွာ ဖြတ်ကျော်ရလေမို့ ရပါမယ် ဒါကို အားလုံး သေချာ ဂရုပြုကြပါဟု ဆိုချင်တာပါ !


#ရဲဘော်နန်းမောင် 


Copy.