ဗိုလ်မှူးကြီး မိုးသူ ဦးဆောင်၍တွေ့ဆုံပွဲ လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲသဖြင့် ၀ရုန်းသုန်းကားထွက်ပြေး


ဗိုလ်မှူးကြီး မိုးသူ ဦးဆောင်၍တွေ့ဆုံပွဲ လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲသဖြင့် ၀ရုန်းသုန်းကားထွက်ပြေး

ကသာတွင် ဗိုလ်မှူးကြီး မိုးသူ ဦးဆောင်၍ စစ်မှုထမ်းဟောင်း တွေ့ဆုံပွဲ လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲသဖြင့် တွေ့ဆုံပွဲ ဖျက်သိမ်းပြီး စစ်အရာရှိနှင့်ဌာနဆိုင်ရာများ ထွက်ပြေး


စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ဗိုလ်မှူးကြီး မိုးသူ ဦးဆောင်၍ စစ်မှုထမ်းဟောင်းတွေ့ဆုံပွဲ လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲသဖြင့် တွေ့ဆုံပွဲ ဖျက်သိမ်းကာ ထွက်ပြေးသွားကြောင်း ကသာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။


အောက်တိုဘာ ၂၈ ရက်နေ့ ကသာမြို့နယ်၊ ၃၀၉ တပ်ရင်းနှင့် မီတာ ၅၀၀ ခန့် အကွာအဝေးသာရှိသည့် တပ် ပင်စင်စားအများစုနေထိုင်ရာ သိမ်အင်းကျေးရွာသို့ ဗိုလ်မှူး ကြီးမိုးသူ ဦးဆောင်သော ကသာခရိုင်အုပ်ချုပ်ရေးမှုး၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊ ပညာရေး၊ကျန်းမာရေး၊လျှပ်စစ်၊ လမ်းတံတား စသော ခရိုင်/မြို့နယ်အဆင့် အရာရှိများ ရောက်ရှိလာပြီး စစ်တပ်အင်အား ၃၀ ခန့်ဖြင့် စစ်မှုထမ်းဟောင်း တွေ့ဆုံပွဲကို သိမ်အင်းကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ပြုလုပ်ကြောင်း၊


အစည်းအဝေးတက်ရောက်ရသူ ပြည်သူများမထိခိုက်စေရေး အဓိက ရည်ရွယ်ရသဖြင့် စီးလာသော ကားအနီး ပစ်ချခဲ့ရာတွင် လေတိုက်ပြီး သစ်ပင်ကိုင်းဖျားအားထိမှန်ကာ စနက်တံပြုတ်ထွက်သွားရုံသာ ပေါက်သဖြင့် အထိအခိုက်မရှိဘဲ တွေ့ဆုံပွဲ ဖျက်သိမ်းကာ အမြန်ထွက်ပြေးကြကြောင်း သိရှိရသည်။


အပြစ်မဲ့ ပြည်သူများအား လေကြောင်းဖြင့်တိုက်ခိုက်ခံရချိန် မည်သို့မည်ပုံ ပြေးလွှားပုန်းရှောင်နေကြရသည်ကို အာဏာရှင်လက်ပါးစေများ ကိုယ်ချင်းစာ သတိသံဝေဂ ရစေလိုပါသဖြင့် ဒရုန်းသေးသေးလေးဖြင့် နမူနာ လုပ်ဆောင်ပြခြင်းဖြစ်ပြီး ပြေးသူပြေး ၊ ပစ်သူပစ်၊ စားပွဲခုံအောက် ဝပ်သူဝပ်ဖြင့် စစ်ကောင်စီတပ်များ ၀ရုန်းသုန်းကားဖြစ်သွားကြောင်း သိရှိရသည်။


>