မြင်းမူက စီးပွားရေးဘဏ်မှာ ကင်းစောင့်နေတဲ့ စစ်သားတွေ ဗုံ-းခွဲတို-က်ခို-က်ခံရ


မြင်းမူက စီးပွားရေးဘဏ်မှာ ကင်းစောင့်နေတဲ့ စစ်သားတွေ ဗုံ-းခွဲတို-က်ခို-က်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာလ ၂၈ ရက် ဒီကနေ့ညနေပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ကင်းစောင့်နေတဲ့ စစ်သား ၅ ဦးကို ဒီညနေ ၆ နာရီ ၂၅ မိနစ်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်မှ တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။


“ကင်းစောင့်နေတဲ့ စစ်သား ၅ ကောင်ဝိုင်းဖွဲ့နေတဲ့နေရာကို ဗုံးနဲ့ပစ်ခတ်ပြီး တိုက်ခိုက်ခဲ့တာ၊ စစ်သား ၄ ကောင်သေတယ်၊ ကျန်တဲ့ ၁ ကောင်လည်းဒဏ်ရာရပါတယ်၊ သေနတ် ၁ ချက်ပဲပြန်ပစ်နိုင်ပါတယ်” လို့ ပြောပါတယ်။


ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင် နဲ့ True Fighter အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေကို နာရေးကားနဲ့သယ်သွားတယ်လို့လည်း သိရပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကလည်း မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာရှိ လောင်းကစားဒိုင်အချို့ဆီကနေ လိုင်းကြေးတောင်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၅ ဦးသေဆုံးခဲ့ပါသေးတယ်။


သတင်း – ဒိန်းဂျား၊ စာတည်း – လင်း


မြေလတ်အသံ


>