ဒုက္ခတွေပင်လယ်ဝေနေတဲ့ မြန်မာနိုင်ငံကိုပံ့ပိုးပေးချင်လို့ အကောင်းဆုံးကြိုးစားနေတဲ့ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ


ဒုက္ခတွေပင်လယ်ဝေနေတဲ့ မြန်မာနိုင်ငံကိုပံ့ပိုးပေးချင်လို့ အကောင်းဆုံးကြိုးစားနေတဲ့ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ

ပရိသတ်ကြီးရေ ဒီကနေ့မှာတော့ အရမ်းကိုဂုဏ်ယူလေးစားဖို့ကောင်းတဲ့ မြန်မာနိုင်ငံသူ ကယန်းတိုင်းရင်းသူတစ်ဦးဖြစ်တဲ့ ဘရော်နီကာ-Vero Nika အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ဘရော်နီကာ ဟာ ထိုင်းနိုင်ငံမှာ ကြေးစား မွေထိုင်း ၊ Muay Thai လက်ဝှေ့ကစားသမား တစ်ယောက်အဖြစ် Thai Fight လက်ဝှေ့ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ကစားနေတာ ဖြစ်ပါတယ်။ သူမ ကတော့ မွေထိုင်း ကို ကြိုးစားလေ့ကျင့်ခဲ့ပြီးနောက် ထိုင်းနိုင်ငံမှာ စပွန်ဆာတွေ ရရှိခဲ့ပါတယ်။




အားကစားလောကကို Boxing အားကစားနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး 2015 Sea Game မှာ လဲ ဝင်ရောက်ယျဥ်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မိသားစုစားဝတ်နေရေးခက်ခဲ့တဲ့အပြင် ရိုးရာလက်ဝှေ့ကို စိတ်ဝင်စားခဲ့တာကြောင့် Boxing ဆက်လက်မထိုးတော့ပဲ လက်ဝှေ့ကိုပဲ ပြောင်းလဲလေ့ကျင့်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရိုးရာလက်ဝှေ့ ဆက်လက်မထိုးတော့ဘဲ ထိုင်းနိုင်ငံကို အသိတစ်ယောက်အကူအညီနဲ့ ရောက်ရှိခဲ့ပြီး မွေထိုင်းလက်ဝှေ့ကို ပြောင်းလဲလေ့ကျင့်ခဲ့တယ်။ ရိုးရာလက်ဝှေ့နဲ့ မွေထိုင်း ကွာခြားချက်ကတော့ ရိုးရာလက်ဝှေ့က ခေါင်းပါတယ်၊မွေထိုင်းက မပါဘူး အဲ့ဒါကြောင့် အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ ဘရော်နီကာ ဟာ ထိုင်းနိုင်ငံမှာ မွေထိုင်းခါးပတ်ကိုရအောင်ယူဖို့ ကြိုးစားနေပြီး နောက်ပိုင်းမှာ MMA ဘက်ကိုကူးပြောင်းဖို့ အစီအစဥ်ရှိပါတယ်။ ထိုင်းတွေကလူမျိုးခွဲခြားတယ်လို့ ကြားဖူးခဲ့ပေမယ့် ဘရော်နီကာ အပေါ်မှာတော့ အားလုံးကောင်းကြတာကြောင့် ကံကောင်းပါတယ်။




ထိုင်းနိုင်ငံကို ရောက်ရှိနေပေမယ့် ဒုက္ခရောက်နေတဲ့ မြန်မာလူမျိုးတွေ သေကျေနေတာကို တွေ့ရတာ စိတ်မကောင်းဖြစ်နေတဲ့အကြောင်း“ဒုက္ခရောက်နေကြတဲ့ ကျနော့် လူမျိုးတွေ နဲ့ ကျနော့် နိုင်ငံကို ဖြစ်နိုင်ရင် အကုန် ပံ့ပိုးပေးချင်တယ်။ ဒါပေမယ့် အဲ့လို ခွန်အားတွေ ကျနော့်မှာ မရှိသေးဘူး။ ငါလုပ်ရမယ်၊ ငါ ရှင်သန်ရမယ် ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကို အားပေးပြီး ကြိုးစားနေပါတယ်” လို့ အင်တာဗျူးမှာ ပြောပြထားပါတယ်။ ဘရော်နီကာ ဟာ Thai Fightမှာ ထိုးနေတာ ရှုံးပွဲမရှိပါသေးဖူးနော်။ သူမကတော့ အောင်ပွဲရတိုင်း ကယန်းအလံကိုပဲ အမြဲလွှင့်တင်ပြီး အောင်ပွဲခံခဲ့ပါတယ်။