အသက် ၄ နှစ်ပဲရှိသေးပေမယ့် လူကြီးလေးတစ်ယောက်လို့ ‘သမ္ဗုဒ္ဓေ’ ဂါထာကို အစအဆုံး အလွတ်ဆိုတက်နေပြီဖြစ်တဲ့ ညဏ်အရမ်းကောင်းတဲ့ သားလေး ဂျက်ဂျက်ကြောင်း ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း


အသက် ၄ နှစ်ပဲရှိသေးပေမယ့် လူကြီးလေးတစ်ယောက်လို့ ‘သမ္ဗုဒ္ဓေ’ ဂါထာကို အစအဆုံး အလွတ်ဆိုတက်နေပြီဖြစ်တဲ့ ညဏ်အရမ်းကောင်းတဲ့ သားလေး ဂျက်ဂျက်ကြောင်း ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းကတော့ သရုပ်ဆောင်၊ အဆိုတော်စတဲ့ ဂုဏ်ပုဒ်တွေအပြင် ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးတဲ့နောက်မှာ သားနဲ့သမီးကို အကောင်းဆုံးပြုစုပျိုးထောင်နေတဲ့ မိခင်တစ်ယောက်လည်းဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ မိသားစုကို ဦးဆောင်နေသူတစ်ယောက်ဆိုပေမယ့်




သူမရဲ့ သားနဲ့သမီးအပေါ်လည်း တာဝန်ကျေပွန်တဲ့ မိခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းမြတ်ရဲ့ သားနဲ့သမီးဟာလည်း အဖေမရှိတော့ပေမယ့် နန်းမြတ်နဲ့ အဘိုးအဘွားတွေရဲ့ ရင်အုပ်မကွာစောင့်ရှောက်မှုကြောင့် တစ်နေ့တစ်ခြားချစ်စရာကောင်းစွာ ကြီးပြင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းမြတ်ဖြိုးသင်းက သူမရဲ့ သားလေး ဂျက်ဂျက်ရဲ့ ဗီဒီယိုလေးတစ်ခုကို ပရိသတ်တွေဆီ ဂုဏ်ယူစွာနဲ့




ပြသလာခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်းက “ဂျက်ကလေးက”သမ္ဗုဒ္ဓေ”ဂါထာကိုအစအဆုံးရနေပြီ ချစ်ဆုံးလေး” ဆိုပြီး လေးနှစ်ကျော်အရွယ်နဲ့ ဘုရားစာတွေအလွတ်ရနေတဲ့ သားလေးဂျက်ဂျက်အကြောင်းကို ပြသလာပါတယ်။နန်းမြတ်ဖြိုးသင်းကတော့ သားသမီးတွေကို ငယ်စဉ်ကတည်းက လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမပေးခဲ့တာကြောင့် ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ လိမ္မာရေးခြားရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းမြတ်ဖြိုးသင်းရဲ့ သားလေး ဂျက်ဂျက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်ထင်ပါတယ်နော်။


>