ခွဲခွါခြင်းတွေပြည့်နှက်နေတဲ့ လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ပိုချစ်ပြီး အကောင်းမြင်စိတ်လေးတွေ ပိုထားကြဖို့ တိုက်တွန်းရင်း စိတ်ကျန်းမာကြပါစေဆိုပြီး ဆုတောင်းပေးလိုက်တဲ့ G Fatt


ခွဲခွါခြင်းတွေပြည့်နှက်နေတဲ့ လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ပိုချစ်ပြီး အကောင်းမြင်စိတ်လေးတွေ ပိုထားကြဖို့ တိုက်တွန်းရင်း စိတ်ကျန်းမာကြပါစေဆိုပြီး ဆုတောင်းပေးလိုက်တဲ့ G Fatt

အဆိုတော် G Fatt ကတော့ Rap သီချင်းကောင်းတွေကို သီဆိုတတ်တဲ့ လူငယ်ပရိသတ်တွေအားလုံး ကြိုက်နှစ်သက်အားပေးခြင်းခံရတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ G Fatt ဟာ လူငယ်ကြိုက်အဆိုတော်တစ်ယောက်ဆိုပေမယ့် အေးအေးဆေးဆေးနေတတ်ပြီး တည်ငြိမ်သူတစ်ယောက်ပဲ




ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ G Fatt က အဆုံးစီရင်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။  G Fatt က “သေကွဲရော ရှင်ကွဲရော ခွဲခွါခြင်းမျိုးစုံပြည့်နေတဲ့ ကာလကြီးကို ငါတို့ဖြတ်သန်းနေကြရတယ် ။ ကိုယ့်ပါတ်ဝန်းကျင်လေးကို ပိုချစ်ကြ ၊ ပိုနွေးထွေးပေးကြ ၊ အကောင်းမြင်စိတ်လေးတွေနဲ့ကြည့်ပေးကြ ၊ အရာရာအတွက် မေတ္တာသာအကောင်းဆုံးကုထုံးဆိုတာ




ငါတို့အားလုံးသိပြီးသားပဲမဟုတ်လား ။ မွန်းကြပ်နေသူတို့ စိတ်ကျန်းမာနိုင်ကြစေ ။” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။G Fatt ကတော့ သူ့ရဲ့ပရိသတ်တွေအားလုံးရော အခြားသူတွေအားလုံးကိုပါ မေတ္တာသာအကောင်းဆုံးကုထုံးဖြစ်ပြီး မွန်းကြပ်နေသူအားလုံး စိတ်ကျန်းမာနိုင်ကြပါစေလို့ ဆုတောင်းပေးလာခဲ့တာပဲ ဖြစ်ပါတယ်။



>