ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အဖြစ် သူမပိုင်ဆိုင်တဲ့ Smile Maymyo hotel မှာစတုဒီသာ ကျွေးမွေးခဲ့တဲ့ စမိုင်းလ်


ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အဖြစ် သူမပိုင်ဆိုင်တဲ့ Smile Maymyo hotel မှာစတုဒီသာ ကျွေးမွေးခဲ့တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ဘုရားတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေရက်ရောလွန်းလှတာကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။




စမိုင်းလ်ကတော့ လက်ရှိအမေရိကန်နိုင်ငံမှာနေထိုင်နေပြီး မနေ့က သူ့ရဲ့ခင်ပွန်းဖြစ်သူမွေးနေ့မှာတော့ နိုင်ငံရပ်ခြားရောက်နေသည့်တိုင်အောင် မြန်မာနိုင်ငံမှာ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အလှူအဖြစ် သူပိုင်ဆိုင်တဲ့ Smile Maymyo hotel မှာလူ၁၀၀၀စာ စတုဒီသာကျွေးမွေးလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။




ကြက်သားကြာဇံကြော်ပွဲ (၁၀၀၀)ကို လူမျိုးဘာသာမရွေးသုံဆောင်နိုင်စေဖို့ ဝေငှလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ စမိုင်းလ်တို့ မိသားစုရဲ့ အလှူ အတန်းရက်ရောလွန်းလှတာကတော့ တကယ်ကို အံ့မခမ်းပါပဲနော်။




Source – စမိုင်းလ် Smile

Credit – CeleZone


>