ဟဲလေးကတော့ ဂီတလောကမှာ နေရာ တစ်နေရာကနေ ရပ်တည်နေပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ဟဲလေးရဲ့ အရင်တုန်းက သီချင်းလေးတွေကလည်း ယနေ့အချိန် ရေပန်းစားနေဆဲဖြစ်ပါတယ်နော်။
ဟဲလေးရဲ့ အနုပညာသက်တမ်းကလည်း ကြာမြင့်နေပြီဖြစ်သလို ပရိသတ်အခိုင်အမာကိုရရှိထားကာ လက်ရှိမှာလည်း အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားဆဲပဲဖြစ်ပါတယ်။ ဒါ့အပြင် အေးချမ်းသာယာတဲ့ မိသားစု လေးကိုလည်း ပိုင်ဆိုင်ထားကာ ရိုးရှင်းတဲ့ ဘဝလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူဖြစ်ပါတယ် ။
လတ်တလောမှာတော့ ယနေ့မှာ ကျရောက်တဲ့ မင်္ဂလာ နှစ်ပတ်လည် (၁၄) နှစ်ပြည့်လေးမှာ တစ်ချိန်က ပုံလေးနဲ့ အတူ ” ဒီနေ့…ကျွန်တော်တို့နှစ်ယောက်… အာဝါဟ..ဝိဝါဟ…ပြုခဲ့တာ… ၁၄နှစ်တိတိပြည့်ခဲ့ပြီ ၂၃.၁၀.၂၀၂၂” ဆိုတဲ့ စာလေးကို အမှတ်တရ ဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
Credit – Cele Zone
Photo – He’ Lay