ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲ ( အောက်တိုဘာ ၂၁ ရက်) နေ့က မြို့အဝင်လမ်းမပေါ် ပစ်ထားခဲ့ကြရသည့် ကုန်တင်ယာဉ်ပေါ်မှ ကွမ်းယာနှင့် ရေဗူး ယူခဲ့မိသည့်အတွက် ယာဉ်ပိုင်ရှင်အနေဖြင့် နားလည်ပေးရန် တိုက်ပွဲဝင်ရဲဘော်က တောင်းပန်ထားသည်။
” ကော့ကရိတ်မြို့ထဲ ဝင်တဲ့အချိန် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်က စစ်သားတွေ ပြည်သူလူထုပိုင်တဲ့ ပစ္စည်းတွေကို ဖျက်လိုဖျက်စီး ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး
ကားပေါ်က ရေနဲ့ ကွမ်းယာတော့ ယူခဲ့မိပါတယ် တန်ဖိုးအတိုင်း ပိုက်ဆံပြန်ထားပေးဖို့ အလွယ်တကူ ပိုက်ဆံ မရှိခဲ့ဘူး ကားပိုင်ရှင်က ခွင့်လွှတ်နားလည်ပေးဖို့ တောင်းပန်ပါတယ် ခင်ဗျ” ဟု ကော့ကရိတ်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော်သစ်နောင်နောင်က လူမှုကွန်ယက်မှတဆင့် တောင်းပန်ထားသည်။
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို PDF ရဲဘော်များက ကာကွယ်စောင့်ရှောက်မည်ဟု သစ္စာဓိဋ္ဌာန်ပြုထားကြပြီး၊ အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ် ဖမ်းဆီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြသည်။
RedNewsAgency