ရန်ကုန် စားအုံးဆီ ၁ သောင်းတဲ့ မန္တလေးမှာလည်း အရောင်းပိတ်လိုက်တဲ့အထိ ဖြစ်တဲ့


ရန်ကုန် စားအုံးဆီ ၁ သောင်းတဲ့ မန္တလေးမှာလည်း အရောင်းပိတ်လိုက်တဲ့အထိ ဖြစ်တဲ့

မန္တလေးမှာလည်း စာအုန်းဆီ စျေး တရှိန်ထိုးတက်လာပြီး အရောင်းပိတ်လိုက်တဲ့အထိ ဖြစ်


နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က အောက်တိုဘာ ၂၁ ရက်က မြန်မာနိုင်ငံကို အမည်မည်း စာရင်းသတ်မှတ်လိုက်ပြီးနောက်မှာ ပြည်တွင်းစားအုန်းဆီ စျေးဟာ လက်လီ တစ်ပိဿာကို ကျပ် ၁ သောင်းဝန်းကျင်အထိ မြင့်တက်လာတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။


မြန်မာနိုင်ငံကို အခုလို အမည်မည်းစာရင်းသတ်မှတ်ပြီးနောက်ပိုင်း စားသုံးဆီစျေးမှာ အဆမတန် မြင့်တက်လာတာလို့ အိမ်ရှင်မတဦးက ပြောပါတယ်။


“မနေ့ကဆို မနက်ကအထိ ဆီစျေးက ၆၆၀၀ ပဲရှိသေးတယ်။ ညနေဘက်ရောက်တော့ ၈၅၀၀ ဖြစ်သွားတယ်။ အခုမနက် ၁ သောင်းပေးဝယ်ရတယ်”


ပြည်တွင်းစားသုံးဆီစျေးနှုန်းမှာ မနေ့မနက်ပိုင်းက စတင်ကာ တစ်ပိဿာကို ကျပ် ၄၂၀၀ မှ ၆၆၀၀ ထိုမှ ၇၂၀၀၊ ၈၀၀၀၊ ၈၄၀၀၊ ၉၀၀၀ မှ ၁၀၀၀၀ အထိ တဖြည်းဖြည်းမြင့်တက်လာတာလို့ စားသောက်ဆိုင်ပိုင်ရှင်က ပြောပါတယ်။


“၄၂၀၀ ဆိုတာ တခါတလေ ဆီလုပ်ငန်းရှင်အသင်းက ကားနဲ့လာရောင်းတာကိုပြောတာ။ ကျန်တာက ဆိုင်တွေကပဲ ဝယ်ရတာ စားသောက်ဆိုင်ဆို ဆီက အမြဲဝယ်ရတာ။ အဲဒါကြောင့် စျေးတွေသိတာ တက်လည်း ဝယ်ရတာပဲ။ မဝယ်လို့မှမရတာ အများကြီးတော့ ဝယ်လှောင်မ ထားဘူး။”


စားသုံးသူတွေဘက်က စျေးနှုန်းမြင့်တက်မှု့ကြောင့် ပြောဆိုမှုတွေရှိသလို ဆိုင်ရှင်တွေဘက်ကလည်း ဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူရောင်းချနေရတယ်လို့ ဆီရောင်းချသူတဦးက ပြောပါတယ်။


“ဝယ်တဲ့သူကလည်း စျေးကြီးလို့၊ ရောင်းတဲ့သူတွေဘက်ကလည်း စျေးနှုန်းကို စောင့်ကြည့်နေရတယ်။ ကျမှာလား မကျဘူးလား။ အများကြီးဝယ်မလှောင်ရဲဘူး။ တချို့ဆိုင်တွေ ဆို အရောင်းခဏနားထားပြီး စျေးနှုန်းကြည့်နေတာ။ လက်ရှိပေါက်စျေး ကိုးထောင်ပါ။ ဒါတောင် ဝယ်ချင်တိုင်းဝယ်မရဘူး။”


မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်းအသင်းက ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်နဲ့ကျေးရွာ တွေကို စားအုန်းဆီ တပိဿာကို ၄၂၀၀ ကျပ်နဲ့ လိုက်လံရောင်းချပေးတာမျိုး ရှိခဲ့ပေမဲ့ အောက်တိုဘာ ၂၂ ရက်မှစပြီး မရောင်းတော့ဘူးလို့ ဆီရောင်းဝယ်ရေးလုပ်သူတဦးက ပြောပါတယ်။


“လှည်းကူးမှာလည်း လာရောင်းတယ်။ ၂၁ ရက်က လှိုင်သာယာမှာ ရောင်းတယ်။ ၂၂ ရက်ကစပြီး ရောင်းတာမတွေ့ရဘူး။ သူတို့က ကျပ် ၄၂၀၀ တန်တယ်။ ဒါပေမဲ့ လူတိုင်းကို ရောင်းတာမဟုတ်ဘူး။ ရပ်ကွက်တိုင်း လမ်းတိုင်း မရောင်းဘူး။ သူရောက်တဲ့နေရာ ရောင်းတယ်။ အဲဒါကြောင့် အောက်ခြေက သူတွေက စျေးကြီးပေမဲ့ ဝယ်စားနေရတာ။”


လက်တလောမှာ စီးပွားကူးသန်း ဝန်ကြီးဌာနလက်အောက်ရှိ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက စားသုံးဆီ တပိဿာကို ၃၈၀၀ ကျပ်နဲ့ ရောင်းချဖို့ အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။


မန္တလေးမှာ စာအုန်းဆီ စျေး တရှိန်ထိုးတက်လာပြီး အရောင်းပိတ်လိုက်တဲ့အထိ ဖြစ် “မတော်တရော်ကြီးကိုဖြစ်နေပီ..


ဒီနေ့ မနက်ပိုင်းကတည်းကစလို့ စားအုန်းဆီဈေးတွေ တဟုန်ထိုးတက်လာသလို အရောင်းပိတ်တာတွေပါ ရှိခဲ့တယ်လို့ ဆီစက်လုပ်ငန်းရှင်တွေက ပြောပါတယ်


မန္တလေးမှာ စားအုန်းဆီ အရောင်းပိတ်လိုက်တာကြောင့် မြေပဲဆီဈေးတွေလည်း တစ်ပိသာ ကျပ် ၁၂,၀၀ ကျော် မြင့်တက်လာပြီး ဝယ်လိုအားများခဲ့တယ်လို့ ဆိုပါတယ်။


“မတော်တရော်ကြီး။ ဒီနေ့ မြေပဲဆံ တစ်ပိသာကို အခြေခံ ၅၀၀ လောက် တက်သွားတယ်။ ဆီတစ်ပိသာကို ၁၂၀၀ လောက် တက်သွားတယ်။ တစ်ပတ်လောက် ရောင်းရမယ့်ဟာ တမနက်တည်းနဲ့ ရောင်းကုန်တာ။


စားအုန်းဆီသမားတွေ ဒီလိုသာ ပိတ်ထားရင် ပြည်တွင်းဆီတွေ ကြပ်သွားမယ်”လို့ ဆီစက်လုပ်ငန်းရှင် တဦးကပြောပါတယ်။ပဲနှမ်းကုန်စည်ဒိုင်မှာလည်း အောက်တိုဘာ ၂၂ ရက် မြေပဲလုံးဆံတွေဟာ တစ်ပိသာ ကျပ် ၅၀၀ ကျော် ထိုးတက်သွားလို့ အဝယ်ရှိပြီးရောင်းသူမရှိဘဲ ဖြစ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။အရင်က မြေပဲလုံးဆံတွေဟာ တရုတ်ပြည်ဘက် အိတ်စပို့စ်ရှိမှ ဈေးမြင့်တက်ခဲ့ပေမဲ့ လက်ရှိမှာ တရုတ်ဝယ်လက်မရှိသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။