ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး မြနှင်းရည်လွင် ဟာ ဇာတ်လမ်းတွဲတွေမှတစ်ဆင့် နာမည်ကြီးလူသိများလာသူလေး တစ်ဦးဖြစ်ပါတယ်။ MRTV-4 ကနေထုတ်လွှင့်ပြသခဲ့ပြီး သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေဟာလဲ အရမ်းကိုအောင်မြင်ခဲ့ပါသေးတယ်။
ဇာတ်ကောင်အမျိုးမျိုးကို ပီပြင်အောင်သရုပ်ဆောင်နိုင်လွန်းတဲ့ သူမကိုပရိသတ်တွေကတော့ အရမ်းကိုအားပေးချစ်ခင်ကြပါတယ်။ ဒါအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေအပေါ်မှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်နေရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေ ပိုမိုချစ်ခင်အားပေးရပြန်ပါတယ်။
မြနှင်းရည်လွင် ဟာ အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ နေထိုင်နေပြီး တော်လှန်ရေးအတွက် ကြိုးစားနေတာဟာဆိုရင်တော့ နှစ်နဲ့ချီရှိခဲ့ပါပြီ။ ခက်ခဲပင်ပန်းမှု့တွေရှိခဲ့ပေမယ့် သူမရဲ့ခိုင်မာစိတ်ဓာတ်ကတော့ အခုချိန်ထိတိုင် ပြတ်သားနေဆဲပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လဲ လူသားတစ်ဦးဖြစ်တာကြောင့် ခံစာချက်တွေကို ခံစားရင်းနဲ့ တော်လှန်ရေးအတွက် ကြိုးစားနေတဲ့ အာဂအအမျိုးသမီးတစ်ဦးပါပဲ။ သရုပ်ဆောင် မြနှင်းရည်လွင် ကတော့ ဝေဒနာမခံစားရဘဲ အိပ်နေရင်းနဲ့ပဲ လူ့လောကကိုစွန့်ခွာသွားချင်မိတယ်လို့ ဝမ်းနည်းစွာရင်ဖွင့်လာခဲ့ပါတယ်။
” အမြဲတမ်းတွေးတာတစ်ခုရှိတယ် ဘာဝေဒနာမှမခံစားချင်ဘူး ဒီတိုင်းအိပ်နေရင်းပဲသေသွားချင်တယ်” လို့ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။ သူမရဲ့ပိုစ်အောက်မှာတော့ စိတ်မကောင်းဖြစ်နေတဲ့ ချစ်တဲ့ပရိသတ်တွေကို တွေ့ရပြီး အားတင်းထားဖို့ ပြောနေကြတဲ့ ကောမန့်များစွာကို တွေ့ရပါတယ်။
မြနှင်းရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ အဆင်ပြေပြေနေထိုင်နိုင်ပြီး အမြန်ဆုံးအိမ်ပြန်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit