မိဘက အသုပ်သည်ဖြစ်တာ ရှက်စရာမဟုတ်ပါဘူးလို့ ထုတ်ပြောလိုက်တဲ့ သရုပ်ဆောင် သုတအောင်


မိဘက အသုပ်သည်ဖြစ်တာ ရှက်စရာမဟုတ်ပါဘူးလို့ ထုတ်ပြောလိုက်တဲ့ သရုပ်ဆောင် သုတအောင်

မွန်မြတ်လှတဲ့ ပရဟိတလုပ်ငန်းတွေကြောင့် ပရိသ‌တ်တွေရဲ့ အားပေးချစ်ခင်နှစ်သက်မှုကိုရရှိထားတာပဲဖြစ်ပါတယ်။မင်းသားကြီး ထူးခန့်ကျော် ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်းနဲ့ တစ်ဖက်တစ်လမ်းက တတ်ကျွမ်းထားတဲ့ ဆေးပညာနဲ့လူနာတွေကို ဆေးကုသပေးနေတာပါ


ဒါအပြင် တတ်သစ်စအနုပညာရှင်လေးတွေကိုလဲ မြေတောင်မြှောက်ပေးပြီး လက်တွဲခေါ်နေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ တူလိုသားလိုချစ်ခင်ရတဲ့ တပည့်တစ်ဦးကို မြေတောင်မြှောက်ပေးလိုက်ပါတယ်။


သူကတော့ သုတအောင် ပဲ ဖြစ်ပါတယ်။သရုပ်ဆောင် သုတအောင် ကတော့ လက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ ဝိပါကဇာတ်လမ်းတွဲထဲမှာ ထူးခန့်ကျော်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။


သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေအားလုံးဟာ အချိန်တိုအတွင်းမှာပဲ လကခံအားပေးခြင်းကို ခံခဲ့ရပါတယ်။သရုပ်ဆောင် သုတအောင် ဟာ ဆရာတွေကိုလေးစားသလို မိဘကိုလဲ သိတတ်လိမ္မာသူတစ်ဦးလဲ ဖြစ်ပါတယ်။


သီတင်းကျွတ်အချိန်အခါမှာ မိခင်ရှိတဲ့နယ်မြို့လေးကို သွား‌ရောက်ခဲ့ပြီး ရသမျှအနုပညာကြေးလေးတွေကို ကန်တော့ခဲ့ပါသေးတယ်။သရုပ်ဆောင် သုတအောင် ဟာ မိဘကအသုပ်သည်ဖြစ်တာ ရှက်စရာမဟုတ်ပါဘူးဆိုပြီး သူ့ရဲ့ဘဝအကြောင်းကို” အသုပ်သည်ဖြစ်တာရှက်စရာမဟုတ်ဘူး


ကျွန်တော်ကိုယ်တိုင်လဲမရှက်လို့ပဲ ဒီကိစ္စကိုခနခနထုတ်ပြောနေတာပေါ့ ခိုးဝှက်နေတဲ့မိဘဆိုရင်တောင် မိဘကမိဘပဲကျွန်တော့်အဖေအမေက ခိုးဝှက်နေတဲ့မိဘမဟုတ်သလို မကောင်းတာလုပ်စားတဲ့မိဘလဲမဟုတ်ဘူး


သူတတ်တဲ့ပညာနဲ့ သားသမီးတွေကိုပညာသင်ပေးဖို့ရယ်သားသမီးတွေဘဝသာယာဖြောင့်ဖြူးဖို့ရယ် သူတို့လုပ်နိုင်တဲ့အခြေအနေတစ်ခုမှာအသုပ်ရောင်းစားတာ သားသုံးယောက်မွေးထားတယ်၃ယောက်စလုံးသူ့နေရာနဲ့သူဖြစ်နေပြီ


အဖေကဓာတ်ပုံဆရာ နယ်တကာလှည့်ပြီးဓာတ်ပုံရိုက်ရတယ် အမေကအိမ်ရှေ့ကစျေးဆိုင်အသုပ်သည်”ဆိုပြီးအင်တာဗျူးတစ်ခုမှာ ရေးသားထားတာကို တွေ့ရပါတယ်။


ကဲ…မိဘအပေါ်သိတတ်တဲ့ သုတအောင် ရဲ့စိတ်ဓာတ်ကတော့ လေးစားအတုယူဖို့ကောင်းပါတယ်နော်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။


>