မြိုင်မြို့နယ် လင်းကတောစခန်း သိမ်းပိုက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ခုနစ်ဦး


မြိုင်မြို့နယ် လင်းကတောစခန်း သိမ်းပိုက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ခုနစ်ဦး

အကြမ်းဖက်စစ်ကာင်စီတပ်စွဲထားသော မြိုင်မြို့နယ် လင်းကတောစခန်း သိမ်းပိုက်စဥ် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကြောင်း Earthquake People’s Defence Forceက ယနေ့(အောက်တိုဘာ ၂၂ ရက်) ထုတ်ပြန်သည်။


ယမန်နေ့ (အောက်တိုဘာ ၂၁ ရက်)နေ့လယ် ၁၂ နာရီခန့်တွင် မြိုင်မြို့နယ်( လင်းကတောစခန်း) ကိုEarthquake People’s Defence Force၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် (ပ.က.ဖ)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း – ၂၊ Salingyi Special Task Force (SSTF)အဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်​ခဲ့သည်ဟု ဆိုသည်။


တိုက်ခိုက်​​နေစဉ် နေ့လယ် ၂နာရီခန့်အကြာတွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ Mi35 ရဟတ်ယာဥ်တစ်စီးဖြင့် အချက်ပေါင်းများစွာ လာရောက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြ သည်။


သို့သော် ညနေ ၄နာရီခန့်တွင် ဒုတိယအကြိမ်ထပ်မံသိမ်းပိုက်မှုစတင်ခဲ့ပြီး တိုက်ခိုက်သိမ်းပိုက် နေစဉ်မဟာမိတ်အဖွဲ့များဘက်မှ စခန်းရှိ ဘန်ကာ ၄ခု အနက် ၂ခုကို သိမ်းပိုက်နိုင်ခဲ့ကာ စခန်းခြံစည်းရိုးကို မီးရှို့ဖျက်ဆီးနေစဉ် Mi35 ရဟတ် ယာဥ်ဖြင့် နာရီဝက်ကြာလာရောက်ပစ်ခတ်ခဲ့သည် ဟု အသိပေးသည်။


ထို့ကြောင့် စခန်းကိုသိမ်းယူနေစဉ် ညနေ ၆နာရီခွဲခန့်တွင် လက်နက်ခဲယမ်း လိုအပ်ချက်အရဆုတ် ခွာပေးခဲ့ရကြောင်း မဟာမိတ်ပူးပေါင်းအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။


“လင်းကတောစခန်းက အခုနှစ် ဇွန်လမှာက တည်းက ဝင်သိမ်းပြီးသား။ဒါပေမယ့် စခတွေက အင်အား ၄၀လောက်နဲ့ ပြန်တပ်စွဲထားလို့ ထပ်ပြီးဝင်တိုက်တာ။လေကြောင်းပစ်ကူရှိလို့ စခန်းကို အလုံးစုံမသိမ်းနိုင်ခဲ့ဘူး”ဟု ၎င်းက ရှင်းပြသည်။


တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနစ်ဦးသေ ဆုံးကာ အများအပြားထိခိုက်မှုရှိပြီး မဟာမိတ်တပ်ဖွဲ့များဘက်မှ မစိုးရိမ်ရဒဏ်ရာအချို့သာရရှိခဲ့ပြီးအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Earth quake People’s Defence Forceက ဆိုသည်။


ရုပ်သံ – Earthquake People’s Defence Force


>