အခင်းဖြစ်ပွားပြီး ပြန်လည်ကြည့်ရှုတဲ့ CCTV ကင်မရာမှတ်တမ်းတွေအရ ပြစ်မှုကျူးလွန်တဲ့မြန်မာနိုင်ငံသား ကို ဗန်စောင်ထုံခရိုင် ၊ စမွန်စခေါင် တွင် ငွေသား ဘတ် (၂၀၀၀၀) ၊ ရွှေဆွဲကြိုး တစ်ကုံး ၊ သေဆုံးသူ အမျိုးသမီးပိုင်ဆိုင်တဲ့ ပစ္စည်းများ အပြင် အဆောင်လက်စွပ်တို့နဲ့အတူ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်တဲ့ မြန်မာနိုင်ငံသားရဲ့ဝန်ခံချက်အရ အလုပ်လက်မဲ့ဖြစ်နေတာကြောင့် ငွေသုံးစရာ မရှိတဲ့အတွက် အခုလို လုပ်ကြံခဲ့ရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ပြန်လည်သရုပ်ဖော် လုပ်ဆောင်စဉ် အနီးနားပတ်ဝန်းကျင်မှ ဒေသခံ (၃၀၀) ခန့်က ပြစ်မှုကျူးလွန်သူကို အော်ဟစ် ဆဲဆိုကာ ရန်ပြုလာလို့ သရုပ်ပြခြင်းကို ပြန်လည် ရုပ်သိမ်းပြီး ရဲစခန်းကို ပြန်ခေါ်သွားတယ်လို့လည်း သိရပါတယ်။