ပုဇွန် ဝယ်စားမယ်ဆိုရင် အမြီးဖျားက ဆူးကို သတိထားပါ
ပင်လယ်စာ တွေဟာ စားရတာလတ်ဆတ် ပြီး အရသာ ရှိ ပေမယ့် ချက် ပြုတ်ဖို့ အတွက်ဆိုရင် အချိန် ပေးပြီး ဆေး ကြောဖယ်ရှားရတဲ့ အရာတွေ လည်း ရှိ ပါတယ်…ပုစွန် ဟင်းချက် တော့မယ်ဆို ရင် ပုစွန်ရဲ့အခွံရတာ
ကျောခွဲပြီး အညစ်အကြေးထုတ် ပေးရတာ အပြင် အမြီးဖျားကဆူးချွန်လေးကို လည်း ချိုး ပြီး ဖယ်ရှားပေး ရပါတယ်…ပုစွန်ဟင်းတစ်ခွက် ချက်ဖူးကြတဲ့ အိမ်ရှင်မများ ပုစွန်အမြီးဖျားက ဆူးလေး လက်ကို ဆူးဖူးတာ၊ရှဖူးတာမျိုး ကြုံဖူးကြပါလား
လက်ကို ဆူးဖူး၊ ရှဖူးပြီး အခုချိန်ထိကျန်းမာရေးကောင်းနေသေးရင်တော့ အလွန်ကံကောင်းနေ သေးတယ်လို့ မှတ်ယူပါ…ဒါပေမယ့် နောက်တစ်ခါ ပုစွန်ကိုင်ရင်တော့ သတိထားကြဖို့ ဖော်ပြပါ သတင်းလေးက အကြောင်းရင်းကို ပြောပြပါမယ်
တရုပ်နိုင်ငံ ဂျန်ဆုစီရင်စု ဂွမ်နမ်မြို့က အသက် ၆၀ နှစ်အရွယ် အမျိုး သမီးကြီးဟာ ဟင်းချက်ဖို့ ပြင်ဆင်စဉ် ပုစွန်ရဲ့ ဖင်ပိုင်းက အမြီးဆူး လက်ကို ပြတ်ရှခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ သေဆုံးသွား ခဲ့ပါတယ်
လက်ကိုပြတ်ရှခဲ့တဲ့ ပထမရက်မှာ ခပ်မြက်မြက်လေးသာ ခံစားနေခဲ့ရပါတယ်၊ ဒုတိယရက်မှာတော့လက်ဟာ ရောင်ကိုင်းစပြုလာပါတယ် ဒါပေမယ့်လည်း မကြာခင်ပျောက်သွားမှာပါဆိုပြီး ဒီတိုင်းပဲထားလိုက်ပါတယ်တတိယရက် မှာတော့ အပြင်းဖျားလာတဲ့အတွက်
မိသားစုက ဆေးရုံတင်ပို့ခဲ့ကြပါတယ်၊ဆေးရုံမှာ ဆရာဝန်က စစ်ဆေးမှုများ ပြု လုပ်ပြီးနောက်မှာတော့ သူမရဲ့ အတွင်းကလီစာတွေအားလုံး တစ်ဖြည်းဖြည်းပျက်စီး လာနေတာကိုတွေ့ ခဲ့ရပါတယ် ဆရာဝန်တွေက ကြိုးစားပြီး ကုသပေမယ့် ဆယ်ရက်အကြာမှာ ဆေးရုံပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။
ဆရာဝန် တွေက Vibrio vulnificus ဆိုတဲ့ မေးခိုင်ပိုးဝင်တယ်လို့ သံသယရှိပြီး ဒီပိုးဟာ လူကိုအချိန်တိုအတွင်း သေ အောင် တိုက် ခိုက်နိုင်တဲ့အထိ ပြင်းထန်တယ်လို့ဆိုပါတယ်….ဒီလိုဘက်တီးရီးယားတွေကို ရေသတ္တဝါတွေနဲ့
သက် ဆိုင်တဲ့ အရာတွေမှာ အများဆုံးတွေ့ရတတ်ပြီး ပင်လယ်စာတွေကို ကျက်အောင် ချက်ပြုတ်မစားတာ မျိုး…လူ နဲ့ထိ ခိုက်မိပြီး ပြတ်ရှခံရတာတွေကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက် ပျံ့နှံ့ပြီး တိုက်ခိုက် တတ်တယ်လို့ ဆိုပါတယ်။ ဒီလိုပိုး ဝင်ခံရသူ အများစုဟာ ၄၈ နာရီအတွင်း သေဆုံးတတ်ကြောင်း သိရှိရပါတယ်။
Credit